……တနင်္ဂနွေ…….နန်းတော်ရာ….. ( sharon )
အော်တာနေးလ်တစ်ဗ် ပြက်လုံး တဲ့ လား
ဘီယာအမြုပ်ထူထူ နဲ့  ညနေခင်းတွေ ကို ငေး
နာရီတွေ ကနာရီတွေကို စားပစ်တဲ့ နောက်
မရယ်ရတဲ့ ဟာသတွေ လမ်းလျှောက်ထွက် လာကြတယ်
စကြာဝဠာ အသေးစားလေးမှာ
ရှုမျှော် ခင်းတစ် ခုမှ မပိုင်တဲ့  ကဗျာ
သေ နေ့ စေ့ တဲ့ အိမ် အို
လူမသိသူမသိ ဧည့် သည်
ပီပိသသ ရှူရှိုက်ခွင့်မရဘူးလား
တချို့  အနမ်းတွေ က မီးတောင်သေပေါ် တေးဖွဲ့ ဆိုကြတယ်
ပြိုကျနေတဲ့ မေးခွန်းတွေ ကို ကယ်ပါ ယူပါ ဆယ် ပါ
တစ်ယောက်ယောက် က တချိန်ချိန်မှာ တစ်ခုခုကို တမ်းမွတ်ခဲ့ ရင်
တဆိတ်လောက်ဗျာ
ရင်ကြားစေ့ ယဉ်ကျေးမှုကို ကျနော် ချစ်လို့ ဗျာ
လာလမ်းတလျှောက်လုံး ဆောင်းတွေ နေရောင်ဝေးခဲ့ တယ်
လေကောင်းလေသန့် ရှူချင်တယ်
တနင်္ဂနွေ တွေ ကို ထုဆစ်လို့ 
လိုင်စင် မဲ့ နေဆဲ ပဲ ရှုမျှော်ခင်းလေးရယ်
စိတ်အဆာပြေဖို့ ရန် က
အမှောင် ထဲ တူးတူး ကို ခါး လို့ 
ချုံးပွဲ ချ ငိုရမှာ တောင် အဲဒီ တောင် က ကောက်ကျစ် လွန်းနေတယ်
ခင်ဗျားတို့ ခေါ်ခဲ့ သလို
ကျနော် ရူးခဲ့ သလို
ဟိုခေတ် ဒီခေတ် မှာ နန်းတော်ရာ
မျက်ရည်သံတွေ ကို ဖတ် ပါ
နှလုံးခုန်သံ တွေ ဟိုတစ်စ ဒီ တစ် စ
ကျနော့် ဒဏ်ရာ ကောင်းကင် မှာ ပြန့် ကျဲ လို့ 
နေ့ ည တွေ ဘယ်လောက် ကူးကူး
ကျနော့် တနင်္ဂနွေ တွေ လှလှပပ ခြောက်သွေ့ မြဲ
ရှာရွန်
1.4.2012 .. 1:23 am
Comment #2
မအားမလပ်တဲ့ ကြားထဲ က အမြဲ အားပေးဖတ်ရှုဝေဖန်ပေးနေတယ် ဆို လို့ တကယ် ကျေးဇူးတင်ပါတယ်
ဟုတ်ကဲ့ 
ကျွန်တော်ကြိုးစားမှာပါ
အားလုံးဆီ က ပညာယူ၇င်းနဲ့ ပေါ့
ကျေးဇူး
Comment #1
ngai shawng comment jaw da sai yaw ..sharon na poem ni yawng hpe hkam sha let hti taw nga ding yang re ( rau ai sha loi)..grai naw ka u yaw…hpaji gaw nchye jaw ai ……dum ai