အိပ်မက် တမ်းချင်း ၉၇၂ *
အစီအရီ ခေါက်ထည်.ခဲတာပဲ
ပလိုင်းအပေါက်မို.လို.
အလွမ်းတွေ
ရွာရိုးကိုးပေါက် ပြန်.ကျဲ ခဲ.ရပြန်တယ်
မသက်ဆိုင်တဲ. သက်ဆိုင်သူရယ်……..
ပ၀ါတစ်ကမ်း လက်တစ်လှမ်း သာ ပြောရတယ်
အလင်းနှစ်တွေ ခြားနားပစ်ရအောင်
မျှော်လင်.ခြင်းမှာ ဘာအပြစ်ရှိလို.လဲ
‘ဖောင်ဖျက် ‘ ခဲ.ပြီးပြီမို.
တကူးတက ‘ မြှားကုန် ‘ မပြချင်ဘူး
အနာတရတွေနဲ. ယဉ်ပါးပြီးသားပေမယ်.
မိုးခါးရေကိုပဲ ငတ်မွတ်နေမိတယ်
မြစ်ဆိုတာ
ပင်လယ်ထဲ စီးဝင်ဖို. သက်သက်
ဖြစ်လာတာမှ မဟုတ်တာ ….
( * 1500 – 528 = 972)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
mike de kwar.
a yan daw tar pe.