နွေ
ဟုတ်တယ်… လရောင်မှ လရောင် အစစ်ပါ..
အမိုးပေါ်က ခုန်ဆင်းလို့
ဝရန်တာမှာ ဖျန့်ခင်းထားတာ..
ငေးနေပေမယ့်
ဖွေရှာစရာ မလိုအောင်
ဘယ်လေမှ မယိမ်းတာ
အလိုလို သိနေခဲ့တယ်..
ညကလဲ တထီးတနန်းနဲ့ ခရီးဆက်ဆဲ..
ဘာအတွက် ပုံဖော်နေမှန်း တွေးမရတဲ့
ကြယ်လေးတွေက
ဟိုတစ်ဖျောက် ဒီတစ်ဖျောက်နဲ့..
အော်..အပင်အဖျားတွေ မယိမ်းတာ
စိုက်ကြည့်နေခဲ့မိတယ်..(ဘာကြောင့်မှန်းတော့ မသိဘူး)
အတွေးတွေ ဖြန့်ကျက်ခံထားရတယ်..
ဘေးနား ပုံထားတဲ့ အင်္ကျီက
ခင်ဗျား ဘာအတွက် အိပ်လို့ မရတာလဲတဲ့ (မေးလို့)
အယူတိမ်းလို့ နတ်စိမ်းပဲဖြစ်တာလား..
လေမရှိလို့ အသက်ရှူမရတာလား..
မွန်းကြပ်လိုက်တာဗျာ..
ကျနော်က ညထဲမှာ လမ်းလျောက်နေတာပါ..
ကမ္ဘာကြီးလည်နေတယ်ဆိုရင်
ခပ်မြန်မြန် လည်စမ်းပါဗျာ..
နွေရဲ့ အသံကို မကြားချင်တော့ဘူး..
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
good night,
wishing u have preety summer.:P