သံသရာထဲမှာခေါင်းနှစ်ထားတယ်…..
ကော်ဖီခါးခါးက
အိပ်ချင်စိတ်ကိုဟန့်တားထားတယ်……
အညှိုးအတေးတွေက
ခွင့်လွှတ်ခြင်းကိုမေ့လျော့ထားတယ်…..
မျိုသိပ်ခြင်းက
ပါးစပ်ပေါက်ကိုပိတ်ဆို့ထားတယ်……
လောဘစိတ်က
ရောင့်ရဲမှုကိုလှောင်ပိတ်ထားတယ်…….
သံယောစဉ်က
ဥပေက္ခာတရားကိုထိန်းချုပ်ထားတယ်….
ဟန်ဆောင်ခြင်းက
အမှန်တရားကိုဖုံးကွယ်ထားတယ်…..
ငါ့ကိုယ်ငါက
သံသရာထဲမှာဆွဲနှစ်ထားတယ်………..။ ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ei lay par bu naw,, 🙂
ei lay ka han ma saung bu,,
a hman tine pe win khan tat de.
u chin yaung saung p pat ma pyay tat bu,. 🙂