ဘ၀ ဟုခေါ်သည်… (မင်းကိုချစ်တဲ့သူ)
အချိန်မှန် ထွက်ခွာရတဲ့
ရထားတွေလို ဘ၀ကို
ခုတ်မောင်း
အိမ်ပြန်ဖို့ဆိုတာ ဘယ်တော့မှ
အချိန်တန်မှာလဲ…
တဒင်္ဂ ရိုးသားခြင်းတွေကို
လူကြားထဲ ပြဌာန်း
ကြိုးကြိုးစားစား လျှောက်လှမ်းခြင်းဟာ
ဘ၀ရဲ့ စာမျက်နှာမှာ
သမိုင်းလှလှရေးနိုင်ဖို့အတွက်ပါကွာ…
ကိုယ်ပိုင်အချိန်တွေကို ထုတ်ရောင်း
ပိုတောင်းတတ်တဲ့ လူတွေကြား
“မင်းမဆိုးပါဘူး” ဆိုတဲ့စကားက
ဈေးစစ်ခြင်း တမျိုးပါပဲလား
လူမှုဆက်ဆံရေးက ရှုပ်ထွေးလှတယ်…
သူ (သူဌေး) စိတ်ကောင်းနေချိန် ရော
စိတ်ဖောက်ပြန်တော့ ဖြစ်တဲ့ဇော
ပြသနာ သောင်းခြောက်ထောင်ကြား မျောနေတဲ့
သူတို့တွေက ငပေါတွေပါပဲ…
ဘ၀ရဲ့ မနက်ဖြန်အစီအစဉ်ဆိုတာ
ပြင်ဆင်စရာမလိုတဲ့ ဗလာစာရွက်လိုပဲ
မာတိကာမှာလဲ အမှတ်စဉ်မပါရှိဘူး
မသိခြင်းတွေကိုပဲ ကံစမ်းနေရသလိုပဲ
အပိုချက်တွေမပါတဲ့ လိုအပ်ချက်များစွာနဲ့ပေါ့…
တိုးတက်တဲ့ မြိုးကြီးမှာ
ရုန်းကန်နေရတဲ့ ဘ၀တူများ
သူတို့ဆွဲရာ ကရတဲ့
ကြိုးတပ်ထားတဲ့ ကကြိုးရုပ်တွေ
မဖြစ်ကြပါစေနဲ့…
Comment #1
phat shu r pay twar par d,