ပြန်ပါတော့မယ် ကောနက်ရှင်ရေ
နံနက်လည်းကျ ညလည်းကျ
အကျကြီးကျတဲ့ ကောနက်ရှင်ရေ၊
ဂျီတော့တောင်မတတ် စောင့်ရရက်က
ရက်ပေါင်းတာရှည်ကြာခဲ့ပြီလေ၊
မျှော်တလင့်လင့်ထိုင်စောင့်ရင်းနဲ့
Sign in, Sign outအဖန်ဖန်လည်
နာရီများစွာကုန်ဆုံးခဲ့ပြန်လေတယ်
ဒီလိုနဲ့ဘဲ အိမ်ပြန်ခဲ့ရပြန်တယ်ကောနက်ရှင်ရယ်။
နောက်တနေ့နံနက်ငါပြန်လာတယ်
ဆော့ဝဲလ်တခုကိုဒေါင်းလုဒ်ဆွဲရယ်ရည်ရွယ်
တစ်နာရီနီးပါးထိငါစောင့်တယ်
နောက်ဆုံးစိတ်ပျက်အိမ်ပြန်တော့မယ် ကောနက်ရှင်ရယ်။
ခေတ်တွေစနစ်တွေပြောင်းသွားတယ်
အုပ်ချုပ်သူတွေသာ Change ကုန်တယ်
မင်းကတော့လေမပြောင်းလဲဆဲဘဲ ကျနေတယ်
ငါမင်းကို သိပ်စိတ်ပျက်တာဘဲကောနက်ရှင်ရယ်။
အွန်လိုင်းမှာငါ့ကောင်မလေးနဲ့ချိန်းထားတယ်
တခါလောက်တော့လိုင်းမကျဘဲကူညီပေးပါကောနက်ရှင်ရယ်
ငါ့ကောင်မလေးနဲ့ငါ vzoမှာကြူချင်လို့ပါ
မင်းကိုဒါလေးတခုဘဲတောင်းဆိုချင်ပါတယ်
အခုတော့ငါပြန်တော့မယ်ကောနက်ရှင်ရယ်။။။
Yangoncupid
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
kwi kwi,,,rofl
really funny.
really really nice.
why don’t u use ph?
it’s better than internet.