နီယွန်မီးအောက် လောင်မြိုင်သော
နီယွန်မီးတွေ . . .
ကွန်ကရစ် လမ်း တလျောက်မှာ
နီယွန်မီးတွေ . . .
မြင်တွေ့သမျှ
အဆောက်အဦ
လမ်းဆုံလမ်းခွ
အို ကွယ် . . .
ယုတ်စွအဆုံး
လမ်းဘေးသစ်ပင်တောင်
ရောင်စုံမီးတွေ ပတ်လည်ဝိုင်းလို့ပေါ့
သို့ပေတဲ့ . . .
ဗိုက်ဟောင်းလောင်းတွေကတော့
ဖယ်ရီကားပေါ်မှာ
ငိုက်မြည်းနေတုံး ။
စည်းဝါးမကိုက်သေးတဲ့
နဂါးနီသီချင်းတစ က
ဇိုးသမား
နှုတ်ခမ်းဖျား မှာ
ရုန်းရင်း ကန်ရင်း နဲ့ပဲ
မျိုချ ခံရတော့မလား . . .
သမုဒ္ဒရာကြမ်းပြင်အောက်က
အလွှာပါးပါး ဖန်ခွက်တစ်ခွက်ခမျာ
ဖိအားတွေကြား
လူမသိသူမသိ
“ ခွပ် “ ခနဲ
ကဲ . . .
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
like this poem friend