မမျှော်လင့်ခဲ့ သော မျှော်လင့်ခြင်း …
ဘာလို့များ အချိန်တွေကရှည်လျားပါလိမ့်ကွယ်
တမ်းတခြင်းကို အဖော်လုပ်
အလွမ်းတွေနဲ့ ဖွဲ့စည်းထားတဲ့ လေထုရဲ့ အောက်မှာ
ငါတစ်ယောက်တည်း လမ်းလျှောက်နေခဲ့တယ် …
ဟန်ဆောင်ခြင်းတွေ ၀တ်ဆင်ထားတဲ့
နက်ပြာရောင် ကောင်းကင်ကြီးရေ …
မင်းရင်ခွင်ကနေ မနှင်ချပဲ လွင့်ကျလာတဲ့
ကြယ်အကြွေတွေ ကောက်သီရင်း
မျှော်လင့်ခြင်းလမ်းထောင့်မှာ ချစ်သူကို ငါ တိတ်တိတ်လေးစောင့်မယ် …
တကယ်ပါ …
အိပ်မက်လေး အနည်းအကျဉ်းပဲ ပိုင်ဆိုင်ခဲ့ဖူးတာပါ …
အမှတ်တရ နည်းနည်းပါးပါးကိုထည့်ပြီး
ကျောင်းလွယ်အိတ်ထဲ ထည့်လွယ်သွားဖူးတယ် …
သိပ်လေးတာပဲ ………………………………………………………..
အလွမ်းတွေက သိပ်လေးနင့်လာရင်
ငါ ……………………………. လွှတ်ချမိလိမ့်မယ် …
ပတ်သက်ခြင်းဆိုတာ ခံစားချက်တွေကို
ဘောင်ခတ်မယ့် စည်းရိုးကြီးတစ်ခုလား …
လောက ရဲ့နိယာမတွေ ငါစိတ်မ၀င်စားတော့ဘူး …
ဖြစ်ချင်တာတွေ ဖြစ်ရမယ်ဆိုရင်
ကျေးဇူးပြုပြီး ငါ့ခြေထောက်တွေကို သန်မာခွင့်ပေးပါ
နင်ငါ့ကို လိုအပ်ချိန်တိုင်း
မိုင်တွေ အဝေးကြီးမှာရှိနေတဲ့ နင့်ဆီ ရုတ်တရက် ငါပြေးလာနိုင်အောင်ပေါ့ ………………
Comment #4
အမှတ်တရ နည်းနည်းပါးပါးကိုထည့်ပြီး
ကျောင်းလွယ်အိတ်ထဲ ထည့်လွယ်သွားဖူးတယ် …
သိပ်လေးတာပဲ ………………………………………………………..
အလွမ်းတွေက သိပ်လေးနင့်လာရင်
ငါ ……………………………. လွှတ်ချမိလိမ့်မယ် …
နှစ်သက်စွာအားပေးသွားတယ်
Comment #5
ပတ်သက်ခြင်းဆိုတာ ခံစားချက်တွေကို
ဘောင်ခတ်မယ့် စည်းရိုးကြီးတစ်ခုလား …
လောက ရဲ့နိယာမတွေ ငါစိတ်မ၀င်စားတော့ဘူး …
ဖြစ်ချင်တာတွေ ဖြစ်ရမယ်ဆိုရင်
ကျေးဇူးပြုပြီး ငါ့ခြေထောက်တွေကို သန်မာခွင့်ပေးပါ
နင်ငါ့ကို လိုအပ်ချိန်တိုင်း
မိုင်တွေ အဝေးကြီးမှာရှိနေတဲ့ နင့်ဆီ ရုတ်တရက် ငါပြေးလာနိုင်အောင်ပေါ့ ………………
Comment #6
အလွမ်းတွေက သိပ်လေးနင့်လာရင်
ငါ ……………………………. လွှတ်ချမိလိမ့်မယ် …
(ဟုတ်တယ် . . အလွမ်းတွေ သိပ်လေးလာရင်
လွှတ် . . . ချ . . မိ . . . တော့ . . . မယ် 🙁 )
ကျေးဇူးပြုပြီး ငါ့ခြေထောက်တွေကို သန်မာခွင့်ပေးပါ
နင်ငါ့ကို လိုအပ်ချိန်တိုင်း
မိုင်တွေ အဝေးကြီးမှာရှိနေတဲ့ နင့်ဆီ ရုတ်တရက် ငါပြေးလာနိုင်အောင်ပေါ့ …………
Comment #1
oh,,,,,,god,,,
so much nice,
really excellent,
u r so kind-hearted & royal.u’ll get what u give,,no doubt,,
wishing u b good luck forever,