အ ခ ု တ ေ လ ာ လ ူ လ ု ပ ္ ရ မ ွ ာ ပ ုိ ပ ုိ ျ ပ ီး ေ ၾ က ာ က် လာ မိ သ လို လို
ည တော့ ည ပဲ
ဒါပေမဲ့ ကာရန်မလှတဲ့ည
မျက်နှာကျက်တွေ ခုန်ခုန် ဆင်းလာကြတာများ
မျှော်လင့်ခြင်းတွေ ပိပြားရော
ကဗျာစာရွက်တွေ ၀ါဖန့် လာသည့်တိုင်
ငါ့ စာမျက်နှာတွေကို ချေတယ်
စာကြည့်မီးအိမ် တစ်လုံးရယ်
ရေးလက်စ ကဗျာ တချို့ ရယ်
အေးစက်နေတဲ့ ကော်ဖီတစ်ခွက်ရယ်
ဒေါသတချို့ ရယ်
ဒီထက် မပိုတဲ့ ည
မွန်းကြပ်ခြင်းဆိုတာဟာလဲ
အရာရာကို ပြီးပြည့်စုံစွာ
တတ်သိတွေးခေါ်မှုက စတယ်
“ထွက်ပေါက်ပိတ်တယ်ဆိုတာ
ဘာဆက်လုပ်ရမယ်ဆိုတဲ့ အတွေးအခေါ်မျိုးမဟုတ်ဘူး
ဘာဆက်လုပ်ရမှန်းကို မသိတော့တာ”
အနားစတွေ ဖွာနေတဲ့
ငါ့ ဒိုင်ယာရီက ဆိုတယ်
ဟုတ်တယ်
လုံးဝကို ထွက်ပေါက်ပိတ်သွားတယ်
လိုတာထက် တင်းရင်းပိရိလွန်းနေတဲ့
ငါ့ နှုတ်ခမ်းဖျား တွေအေးစက်
စိတ်အနာတွေ ပြည်တည်ကြပုံများ
နှလုံးသားတောင် ပုပ်ပွလာတယ်
ဟိုးအနက်ရှိုင်းဆုံးမှာ ရှိတဲ့ ဒေါသကတော့
ပတ်ဝန်းကျင်ဆိုတာ အတွက်ရော
ရပ်တည်နေထိုင်နိုင်ခွင့်ဆိုတဲ့ စွဲဆောင်မှုတစ်ခုနဲ့ 
လူသားအားလုံးကို
လူပီသစွာ နေထိုင်ဖို့ မသင်ပေးခဲ့တဲ့
ကမ္ဘာမြေကြီးအတွက်ပါ
“တောက်” ခတ် သံတစ်ချက်နဲ့ 
စကြာဝဠာ တစ်ခုလုံး တုန်ရီ ထိတ်လန့် ပါစေသား
ကနဦးအစတုန်းကတော့
စိန်ခေါ်ရင် ဘွာမခတ်ကြေး
ကလေးအတွေးနဲ့  ကြွေးကြော်တတ်ခဲ့ပေမဲ့
နောက်ကျောကဓါးတွေ ဆွဲနုတ်မလောက်အောင် များတယ်
လောကကြီးမှာက
သတင်းအတိုအထွာ အစ
ချုံ ချဲ့ ကျွမ်းတဲ့ ပါရဂူများရော
စကား ပုံတိုပတ်စ မှ အစ
လိုတာထက် ကားတတ်ကြသူတွေရော များတယ်
ငါ တစ်ခါက ငိုခဲ့ဖူးသလိုပဲ
ကောက်ကျစ်တဲ့ သိုးငယ်တွေကြားမှာ
ဝံပုလွေ လုပ်ရတာ မောတယ်
“ အမ ရေ
အမသားကတော့ ကိုငှက်ကြီး သီချင်းကို အရမ်းကြိုက်လို့ ထင်ပါရဲ့ 
အဓိပတိလမ်းထက်မှာ ခြေရာတွေယှက်ရင်း
ဘိန်းရှုနေလေရဲ့ ”
အမလေး. . . ဗုဒ္ဓေါ . . . .
မဟုတ်ရပါဘူး အမေရယ်
ခေါင်းမူးလို့ ရှုဆေးလေးထုတ်ရှုမိရုံပါ
စိတ်ဓါတ်တွေက ကြမ်းခင်းထိအောင် ကျတယ်
ကိုယ့်ကိုယ်ကို ချွန်အောင် “သ” နေခဲ့ပါလျက်နဲ့ 
နင်းခံရတာ များတော့
ခုခံဖို့ အင်အားတွေ
လေရူးနဲ့ အတူ ဖုန်အဖြစ်ပျောက်ကွယ်သွားတော့တာပဲ
ဒီလိုနဲ့ ငါဟာ ကျောပိုးအိတ်ထဲကို
စိတ်ကူးတွေ
အိပ်မက်တွေ
မျှော်လင့်ချက်တွေ ထည့်ပြီး
မရောက်ရှိနိုင်မဲ့ ခရီးအတွက်
ခြေဦးတည့်ရာ ပြေးသွားချင်မိတယ်
တကယ်တော့ . . . ဘုရားသခင်ဟာ လူတွေအစား
စက်ရုပ်တွေသာ ဖန်ဆင်းခဲ့သင့်တယ်
“နေကောင်းလား” ဆိုတဲ့ အမေးစကားနောက်က
“ ဒီကောင် သေပဲမသေနိုင်သေးဘူး ” ဆိုတဲ့ စိတ်ကူးစိတ်သန်းတွေကို
ကြောက်လှပါချည်ရဲ့ 
လည်ပင်းဖက်ပေါင်းပြီး ဓါးနဲ့ ထောက်သူများရော
ဘနဖူး သိုက်တူးကြတဲ့ သူများရော
သူများခေါင်းပေါ် တက်ထိုင်နေရမှ
စားဝင်အိပ်ပျော်ကြသူများ အားလုံး အားလုံး
ဒီကဗျာကနေ လေးစားကြောင်း သတင်းပါးလိုက်ပါသည်
ငါ့အတွက်တော့
ပိတောက်ဝါတွေ ဆယ့်ရှစ်ခါ ပွင့်ခဲ့ပြီးတာတောင်
သစ္စာတစ်ခေါက် ရှိခဲ့သူရှားတယ်
နေနဲ့ ငါ့အကြားမှာ
ဘယ်လို အရာဝတ္ထုမျိုးက
အလင်းပိတ်စေခဲ့သလဲ
ဘ၀ခါးခါးထဲက
ဆေးဆိုးပန်းရိုက် အတုအယောင်တွေက
ကျိန်စာလို တလိပ်လိပ်တက်
အိပ်မက်တွေ ရိတ်ရိတ်ချပစ်တယ်
ထမင်းလုံးတစ္ဆေခြောက်သလို
ရင်ကို လှိုက်ဖို စွာနဲ့ 
ခေါင်းတစ်ခုလုံး ထူပူလာတိုင်း
သက်ပြင်းတွေကို မီးညှိ
အိပ်မက်အသေတွေကိုပဲ မှုတ်မှုတ်ထုတ်နေခဲ့တယ်
ဒီတော့မှ . . .
ဘ၀ ဆိုတဲ့ လှေကား ဟာ
အတက်မှန်း အဆင်းမှန်း မသိရတဲ့ ဂိမ်းတစ်ခုပါလားဆိုတာ
သံသယ မရှိ တွေးတောလာနိုင်တော့တယ်
အိပ်မက်သာ ဖြစ်လိုက်ပါတော့လားကွယ်
ခုတလော . . . လူလုပ်ရမှာကို ပို ပို ပြီး ကြောက် လာ မိ သလို လို ၊၊ ၊၊
လမင်းဇော်
([email protected])
Comment #2
“နေကောင်းလား” ဆိုတဲ့ အမေးစကားနောက်က
“ ဒီကောင် သေပဲမသေနိုင်သေးဘူး ” ဆိုတဲ့ စိတ်ကူးစိတ်သန်းတွေကို
ကြောက်လှပါချည်ရဲ့ 
လည်ပင်းဖက်ပေါင်းပြီး ဓါးနဲ့ ထောက်သူများရော
ဘနဖူး သိုက်တူးကြတဲ့ သူများရော
သူများခေါင်းပေါ် တက်ထိုင်နေရမှ
စားဝင်အိပ်ပျော်ကြသူများ အားလုံး အားလုံး
ဒီကဗျာကနေ လေးစားကြောင်း သတင်းပါးလိုက်ပါသည်
Comment #4
အ ခု တေ လာ လူ လု ပ် ရ မှာ ပို ပိုြ ပီးေြ ကာ က် လာ မိ သ လို လို
Comment #1
kwat ti be,
hote de,,,hote de,,
ei lay le lan pyout nay de.
bar phyit nay hman ko ma ti dot dar.
kou phyit chin dar tway ko myo tate p thu phyit say chin de a tine like p nay pay dar daw daw khan sar ya de,
thu a twat ka ok pay me koh hmar gout chin lar p,,a hote.