မြကျေးတမာဆီသို့ ပေးခွင့်မရခဲ့သော ပေဖူးလွှာနှင့်ပတ်သက်၍-ရွှေကြယ်မိုး
/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;}
မြင်ကွင်းတွေကို ချဲ့ထွင်ခဲ့
အတိတ်စိမ်းတို့အား ဖုံးလွှမ်းထားခဲ့
အရာရာဟာ ပွင့်ဖူးစ ပန်းချီကား…
တောအကြောင်းပြောရင် တောင်အကြောင်းက
ပါပါလာတယ်…
တောကို ရှင်းရင် တောင်က ခံနေတယ်…
တလင်းပြင်လေးမှာ လွမ်းစေရသော မြူမှုန်စ
မြကျေးတမာထံသို့ ပေးခွင့်မရခဲ့သော ပေဖူးလွှာ
အမေပျောက် သူရဲကောင်းတို့ရဲ့ ခရီးရည်
ဖုန်းခေါ်ပြီးမှ ခေါ်ဆိုသူမရှိရတဲ့ ဖြစ်ရပ်
လက်အစုံတို့ တုန်တုန်ရီရီနဲ့
အသွေးအသားတို့ရဲ့ ရင်တစ်ခြမ်းကို
မီးမှိတ်လို့ တိတ်ဆိတ်ထားလိုက်တယ်…
မြကျေးတမာဆီကို ပေဖူးလွှာ ပေးခွင့်မရခဲ့သလို
အိပ်မက်ပြာခိုးတို့ လည်း လွင့်မျောခွင့်မရခဲ့ကြဘူး
ခပ်ပါးပါး အလင်းရောင်တွေနဲ့ ရေးခြယ်…
ငါဆွဲတဲ့ ပန်းချီကားဟာ ဘောင်မပါ…
ဘယ်လိုပဲဖြစ်ဖြစ် လမင်းသာခဲ့ပါရဲ့
တို့တွေရဲ့ ကောင်းကင်ကို အဖြူဖိတ်ဖိတ်တွေနဲ့ပဲ
စွန်းထင်းလိုက်ကြစို့…လေ
အချိန်တန်တော့ အိမ်ပြန်ရတဲ့ငှက်တွေလို နေရပ်ကိုယ်စီကို
ပြန်လွင့်ပါးခဲ့ကြရ…
ကမ္ဘာဟာ တစ်ယောက်တစ်နေရာစီပေါင်းများစွာနဲ့
ငါတို့ စိတ်တံခါးကို ကန့်သတ်ထားလိုက်တယ်…
ရွှေကြယ်မိုး
Comment #1
အချိန်တန်တော့ အိမ်ပြန်ရတဲ့ငှက်တွေလို နေရပ်ကိုယ်စီကို
ပြန်လွင့်ပါးခဲ့ကြရ…
ကမ္ဘာဟာ တစ်ယောက်တစ်နေရာစီပေါင်းများစွာနဲ့
ငါတို့ စိတ်တံခါးကို ကန့်သတ်ထားလိုက်တယ်…