ငါ မျက်နှာကို မေ့နေတာကြာပြီ
ငါ
မျက်နှာကိုမေ့နေတာကြာပြီ..
ဖွင့်လိုက်ပိတ်လိုက်မနက်ဖြန်တွေ
ကွေ့ကောက်လန်းဆန်းနေသော အပြုံးကြီးကြီးတွေနဲ့
ငါ မျက်နှာကိုမေ့နေတာကြာပြီ..
ငါ့ကိုယ်ငါ အမှောင်ချချိန်မှစ
ပြန်လင်းလို့လာခဲ့တယ်..
လောင်နေတဲ့မီးတွေနဲ့..
အတွင်းလှိုက်..အပြင်တိုက်..
တရှိုက်မက်မက်ပြာကျရင်း…
ငါ မျက်နှာကိုမေ့နေတာကြာပြီ…
လက်ကိုဖွက်ပစ်လိုက်ပါပြီ
ဒါကြောင့်
လက်တွဲပြုတ်စရာမလိုတော့ဘူး..
ဒါကြောင့်
လက်တွဲစရာလဲမလိုတော့ဘူး…
ကြုံလာရင်တော့ လက်ဆွဲနှုတ်ဆက်ကြတာပေါ့..
ငါ့ကိုမမှတ်မိရင်တော့ခွင့်လွှတ်ပါ..
ငါလဲ ငါ့ကိုယ်ငါ မမှတ်မိဘူး..
ငါ မျက်နှာကိုမေ့ထားတာကြာပြီ…
ဟိုးအဝေးမှာ ငွေရောင်အနားသတ်နဲ့တိမ်တွေ..
ဟိုးရှေ့မှာ အမြဲတမ်းမြင်နေရတဲ့ ရွှေလှေကားတွေ..
လက်နဲ့သပ်ကြည့်ဖို့…ခြေလှမ်းတက်ချင်လို့..
ငါ့လက်တွေကိုသွေးခဲ့..ငါ့ခြေထောက်တွေကိုလေ့ကျင့်ခဲ့
မျက်နှာကိုကျ ငါမေ့ခဲ့တယ်…
အဲဒါနဲ့ ..မျက်နှာကငါ့ကိုမုန်းတယ်…
မျက်နှာခွဲသွားတဲ့နေ့က မျက်ရည်မကျဘူး..
ငါ့မျက်ရည်လဲ မျက်နှာနဲ့ပါသွားတယ်…
အဲလိုနဲ့..နှစ် ပေါင်း..အ…များ…ကြီး..ကြာ
………………………………
……………………………………………….
……………………………………………………………………………………………..။ ။
ငါ….
………………..မျက်နှာကိုမေ့နေတာကြာပြီ…။ ။
ခေးလ..
၁၁ မေ ၂၀၁၁
Comment #1
မေ့ထားတာကြာပြီ
…………………………..။ 🙂
နှစ်သက်စွာအားပေးသွားပါတယ်