တစ်ခါက မိုး …..( ဆက်ရန် )
ချစ်ခဲ့ဖူးတယ် အကန့်အသတ်မပါတဲ့
အချစ်မျိုးနဲ့…..
အကန်းယုံ ယုံခဲ့တယ် မင်း အသုံးအနုန်း
မင်းစကားလုံး လှလှတွေကြားမှာ
ငါယစ်မူး ပျော်ဝင်မိလို့…..
မင်း အချိုးကျကျ ဖျော်စပ်ထားတဲ့
ဝိုင်တစ်ခွက်မှာ
ကတိစကားတွေ အထပ်ထပ်နဲ့မို့
ပင့်သက်ရှိုက်ပြီး သောက်ခဲ့တယ်…..
နင်မပါတဲ့ ငါ့အနာဂါတ်တွေ
အပိုင်းပိုင်း အစစ နဲ့ နေရာတကျ
ကြွေကျ ပျက်ခဲ့ရတယ်…..
ငါ့မျက်ရည်လမ်းပေါ်မှာ
နင် အလိုကျရဲ့လား…..
ငါ့အသက်နဲ့ ဘ၀ကို လောင်းကြေးထပ်
နင့်လက်ထဲ အပ်နှင်းခဲ့တဲ့
ယုံကြည်ခြင်းတွေနဲ့ မတန်အောင်
တိုင်းတပါး သားနဲ့ များ
နင် ……….
ရက်စက်သူ
ငါ့အတွက် မိုးရေတွေ ခါးတယ်
လျှပ်စီးလက်တိုင်း မိုးကြိုးမှ မပစ်ပဲ
မိုးညတွေကို အလိုလို နေရင်း မုန်းတယ်
သူစိမ်းဆန်ဆန် ရောက်လာမဲ့
မိုးခါးရေတစ်ခွက်ကို
မျက်နှာလွှဲ ခဲပစ် သောက်မိမယ်ထင်ရဲ့ ။။ ။။
အောင်ဖြိုး
“”ဒီကဗျာကို နှလုံးသားနဲ့ဖတ်ပါ နှလုံးသားနဲ့ ခံစားပါ “” ကျွန်တော် ရဲ့ ရင်ထဲက စကားလုံးတွေပါ ။။ ကျွန်တော်တစ်ယောက်ရဲ့ ကိုယ်ပိုင်ခံစားချက်ဖြစ်ရင် ဖြစ်နေမယ် ဒါပေမဲ့ ဒါဟာ……
Comment #1
မင်း အချိုးကျကျ ဖျော်စပ်ထားတဲ့
ဝိုင်တစ်ခွက်မှာ
ကတိစကားတွေ အထပ်ထပ်နဲ့မို့
ပင့်သက်ရှိုက်ပြီး သောက်ခဲ့တယ်…. (ဖတ်သွားပါတယ်)