အရှုံးတွေထဲမှာ နေပျော်တယ်
အရှုံးတွေထဲမှာ နေပျော်တယ်
ရပါစေတော့ရယ်လို့ မျှော်ကိုးခဲ့ရင်
ပေးဆပ်ခြင်းတွေ မရက်ရောဘူး ……
အရှုံးတွေထဲမှာ နေပျော်တယ်
ချုံးပွဲချငိုကြွေးတဲ့ ရက်တွေမှာ
တိုးလျိုးသံဖျော့ဖျော့တွေ ပြန့်ကျဲနေ …
အရှုံးတွေထဲမှာ နေပျော်တယ်
သေရာပါဒဏ်ရာအပြည့်နဲ့
ကျိန်စာသင့်ရက်စွဲတွေ
ရင်ကော့ပြီးဖြတ်နေရ ……
အရှုံးတွေထဲမှာ နေပျော်တယ်
ရက်ရာဇာပါရင်တောင်
ပြဿဒါးဖြစ်ဖြစ်သွားတော့
ထူးပြီးတော့မကြေကွဲတတ်ခဲ့ …..
အရှုံးတွေထဲမှာ နေပျော်တယ်
ငါနဲ့မဆိုင်တဲ့ ကံကောင်းခြင်းရေ
ဘယ်တော့မှလာမပတ်သတ်လည်း
ယောင်ယောင်လေးတောင် မလွမ်းချင် …
အရှုံးတွေထဲမှာ နေပျော်တယ်
နေ့စဉ်မှတ်တမ်းဟာ
သမိုင်းဖြစ်လာစေဖို့
ဒီရာဇဝင်ကို သွေးနဲ့ဆိုလည်း ရေးမယ် …..
အရှုံးတွေထဲမှာ နေပျော်တယ်
မပိုင်ဆိုင်ရစေဦးတော့
ချစ်နေရရင်ပဲနေပျော်ပြီ
အရှုံးတွေထဲမှာနေပျော်တယ်
အရှုံးတွေထဲမှာ………..
အ…ရှုံး…တွေ…ထဲ…မှာ ……။။။
အမရာ
Comment #2
အရှုံးတွေထဲမှာ နေပျော်တယ်
မပိုင်ဆိုင်ရစေဦးတော့
ချစ်နေရရင်ပဲနေပျော်ပြီ
အရှုံးတွေထဲမှာနေပျော်တယ်
အရှုံးတွေထဲမှာ………..
အ…ရှုံး…တွေ…ထဲ…မှာ ……။။။
အားပေးသွားပါတယ်။အမရာ
Comment #3
wow,,,
i m envious of u,
i admire ur love
Comment #4
အရှုံးတွေထဲမှာ နေပျော်တယ်
ငါနဲ့မဆိုင်တဲ့ ကံကောင်းခြင်းရေ
ဘယ်တော့မှလာမပတ်သတ်လည်း
ယောင်ယောင်လေးတောင် မလွမ်းချင် …
Comment #5
be hna khar hman ti dot bu,,
khan sar arr pay twar par d.
Comment #1
အရှုံးတွေထဲမှာ နေပျော်တယ်
ရက်ရာဇာပါရင်တောင်
ပြဿဒါးဖြစ်ဖြစ်သွားတော့
ထူးပြီးတော့မကြေကွဲတတ်ခဲ့ …