ကောင်လေး…….
ကောင်လေး…….
နင်က ငါ့ကို တစ်ချိန်လုံး
အရုပ်လို့ မြင်ခဲ့တာကိုး….
လိမ်ညာနေတဲ့ နင့်အချစ်ကို
အဟုတ်လို့ ထင်မိခဲ့တဲ့ငါ
အရာရာမှာ မှားခဲ့ပြီ……..
ကောင်လေး…….
ထားရစ်ခဲ့တဲ့ နင်က
မမှားပါဘူး…ငါတို့ကြားမှာ
နားလည်မှုတွေမှ မရှိခဲ့တာပဲ…
အားနာစရာမလိုပါဘူး..
သွားလိုက်ပါတော့……
ကောင်လေး……
ငါ့အချစ်တွေကပဲ ခါးခဲ့လို့လား…
ဒါပေမယ့်.. ကောင်လေးရယ်
နင်နဲ့ ငါရဲ့ အဆင့်က မိုးနဲ့မြေလို
ခြားနားနေတာကိုး……….
ကောင်လေး…..
အတားအဆီးတွေကြားမှာ
ထားမိတဲ့ငါ့အချစ်တွေကို
နားညီးတယ်လို့တော့
မထင်လိုက်ပါနဲ့…..
ကောင်လေး……
ဒီအချိန်မှာတော့ အရာရာပြီးဆုံးသွားပြီမို့
ဒီဘဝတော့ ဒီမျှပဲပေါ့….
Baby Bye Bye … …..
Comment #2
wow,,,
nice choice of words.
:p :p 😛
d ba wa dot d lout pe.
nout ba wa kya yin ngar a hle pe..hint,,

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ခံစားအားပေးသွားပါတယ်ဗျာ..