ငါက သုည ငါ့စိတ်ကရာနှုန်းပြည့်အနက်
လောဘရဲ့ စေညွှန်ရာ
မညည်မညူလုပ်ဖို့ 
ဝန်မလေးတတ်တဲ့ သူတွေကြား…
သပိတ်မှောက်ဖို့ ကလည်းအင်အားကမမျှ
တစ်ဝမ်းတစ်ခါးအတွက်
အစုလိုက်အပြုံလိုက်
သေမိန့် ချနေလိုက်ကြတာများ
ယမမင်းနဲ့ မိတ်ဖွဲ့ ထားသလားအောင့်မေ့ ရတယ်…
ဒေါသရဲ့ အရှိန်အ၀ါနောက်
လူလုံးထွက်ပြဖို့ 
မငိုက်မျဉ်းတတ်တဲ့ သူတွေကြား
ခေါင်းကိုသာတွင်တွင်ခါရမ်းလို့ 
ဥပေက္ခာသာရင်ဝယ်ပိုက်မိတယ်…
ကိုယ့်ရဲ့ အမှန်တရားအတွက်
တိုက်ပွဲဝင်နေလိုက်ကြတာများ
သြော်…အာဂလူတွေပဲကို…..
မောဟရဲ့ ခေါ်ဆောင်ရာနောက်
ကောက်ကောက်ပါအောင်လိုက်ဖို့ 
အငြင်းမရှိတဲ့ သူတွေကြား
သက်ပြင်းသာရှိုက်မိပါရဲ့ …
စိတ်ရဲ့ အလိုဆန္ဒ
မပြည့်တဲ့ အိုးကိုဖြည့်နေလိုက်ကြတာ
သတ္တိကမနည်း ပဲကို…
ငါ…ငါ…ငါ
ငါဆိုတဲ့ …ငါတွေကြားက
ငါ မဖြစ်ဖို့ ….
ခရီးလမ်းတစ်လျှောက်..
ငါ ထပ်မဖြစ်ဖို့ …
အချိန်တွေပေးဆပ်
ရင်းနှီးမှုတွေအလကားမဖြစ်အောင်
အရောင်ထပ်မဆိုးပါနဲ့ တော့ …
ငါဟာသုညမို့ 
သုညဟာသုညဖြစ်တယ်…။
ငါ့စိတ်က ရာနှုန်းပြည့်အနက်မို့ 
အဖြူကလွဲလို့ ဘာအရောင်တင်တင်
အရာမထင်နိုင်တဲ့ …
အရောင်က…ရာနှုန်းပြည့်အနက်… … …။ ။
ကြယ်ရောင်လင်း
26.4.12(thu)
8:45 PM
Comment #3
mike de.
😛

Comment #4
နှစ်သက်စွာအားပေးသွားပါတယ်

Comment #5
ကောင်းတဲ့စာသားတွေပါ

Comment #1
ငါ့စိတ်က ရာနှုန်းပြည့်အနက်မို့ 
အဖြူကလွဲလို့ ဘာအရောင်တင်တင်
အရာမထင်နိုင်တဲ့ …
အရောင်က…ရာနှုန်းပြည့်အနက်
ကြိုက်တယ်ဗျာ