ငါ့ကိုယ် ငါ ကိုယ်စားပြုတယ်…..
အဲ့သလိုမျိုး
ရူးသွပ်သွားကြမယ့်…၅၄၃
ဖြစ်တည်မှုကိုကြည့်ရင်းနဲ့ ..လက်ချိုး
အကောင်းစား အပြာရောင်များနဲ့ …
အလယ် မှာ..တစ်သီးတစ်တန်းခြား……
အင်ပါယာတစ်ခုလုံး မဲမှောင်သွား…..
ဘုရင်တစ်ပါးလဲ… ရန်ကုန်မြို့ ကိုရောက်သွားခဲ့တယ်…….
ကားများကြားထဲရှင်သန်ရင်းနဲ့ …..
အာမခံကြေးများရှာလို့  …..
အလင်း များကို ငါ့ပိုက်ဆံနဲ့ ဝယ်မိတယ်……..
မျက်မှန်ပါဝါတွေ …ဒီဂရီတိုးဖို့ အတွက်…..
ဖားပြုပ်တွေ လိုက်ရိုက်ရင်း…
လူကုန်ကူးမှုအတွက် အဖမ်းခံလိုက်ရတယ်……လေ….
ငါသည်..နွားတစ်ကောင်ဖြစ်သည်…ထို့ ကြောင့်…နွားနို့် သောက်ရမည်…
ဆိုတာ…( ရ . ၀ . တ ) ရုံးသို့ သွားရာက်လျှောက်တင်တော့….
ညီလေး… မင်းကိုလွှတ်တော်က ပယ်ချလိုက်တယ်လို့ ပြောတယ်….
အဲ့ဒါနဲ့ ..သူတောင်းစားများထံမှ..ငွေသွားချေးတော့…
၂သောင်းတန်.. အရွက် ၉၀၀ ထုတ်ပေးလိုက်တယ်…..
ငါ ဆံပင်အရှည်ထားတယ်
ငါ ကတုံးတုံးလိုက်တယ်….
ငါ ၅၀၀၀၀၅ ကို ဖုန်းဆက်တယ်…
ငါ မီးသတ်သမားလည်းဖြစ်တယ်….
ငါ စာရေးဆရာ အတုလည်းဖြစ်တယ်….
ငါ့  ကိုယ်က ငြီးစော်နံ့တယ်…
ငါ့ ရင်ဘတ် မှာအပေါက်တွေ ဖြစ်လာတယ်….
နောက်ဆုံး….
၅၄၃ သို့ သွားခဲ့တယ်…….
(မိတ်ဆွေ…. ခင်ဗျား စိတ္တဇဆေးရုံးသို့ ရောက်ဖူးပါသလား…)….?
ထင်မြင်ချက်တွေ နဲ့ ….
ငါ့ နှလုံးသားထဲက .. အရောင်များနဲ့ ….
ကောင်းကင်တစ်ခွင်ကို…အစိမ်းရောင်တွေ ချယ်ပြစ်လိုက်တယ်……
အဲ့သည့်နောက်…ငါ့နှလုံးသားနဲ့ ကြွေးကျော်ပစ်လိုက်တယ်….
ငါသည်….ဘုရင်တစ်ပါးသာ…………
အာကာ…
Comment #1
ha,,ha
mike de kwar