အလွမ်း နှင့် တည်ဆောက်ထားသော အင်ပါယာများ
( ဖြောင်း..ဖြောင်း..ဖြောင်း..)
ထိုသို့ နှင့်..အလွမ်း ပွဲကြီးပြီးဆုံးသွားခဲ့ပါပြီ…….
ရင်ထဲမှာဒဏ်ရာများနှင့် အိမ်သို့ ပြန်ခဲ့မိတယ် ..
ကျွန်တော် ကျရှုံးခန်းများ ကို ရင် ဆိုင်ဖို့ ခွန်အားများကိုမွေးခဲ့တယ်…
မှန်တာကိုလုပ်ဖို့ ဝန်မလေးတော့လို့ ပါ…..
အရာအားလုံးသာ ပြန်စခွင့်၇ခဲ့ရင်……
ငါ့ရဲ့ မာန်မာန များကို ခ၀ါချမိမှာပဲလေ………..
ငါ့မျက်လုံးထဲမှာ မျက်ရည်များ လည် လာခဲ့ပြီ……….
အဲ့လိုမျိုး အရှုံးပေးရတာတွေများလာတော့ ..
ငါ့စိတ်ဓါတ်တွေ ပြိုလဲကျလာခဲ့တယ်…
ငါ့ဆံပင်တွေ လည်း ဖရို့ ဖရဲနဲ့ ..မိုးရေတွေ ရွှဲ……………..
ဘုရားရေ…..သူမ လှလိုက်တာ…..
ရွှေလက်ကိုတွဲလို့ …ဘုရားကျောင်းထဲကနေထွက်လာခဲ့လိုက်တာ….
ကောင်းကင်တစ်ခုလုံးချယ်ရီပန်းတွေ လွှမ်းခြုံလို့ ..
အို………………….
ဘုရားသခင်ကောင်းချီးပေးပါစေ…………….
ငါ..၀မ်းသာပါတယ်ဟာ……
နင့်အတွက် ငါပျော်ပါတယ်…..
နင်ကော……………….
ပျော်နေရဲ့ လား………………….?
အဲ့သည့်နေက စပြီး.. ကျွန်တော် အိပ်မပျော်တော့ဘူး….
(အို…… မိတ်ဆွေ..အသင်ထိုသို့ သောမြင်ကွင်းများ မြင်ဖူးပါသလား…)
လူတစ်ယောက်…..အရက်များမူးနေခဲ့ပါသည်…..
တစ်လောကလုံးအမှောင်ဖုံး လို့ လဲကျခဲ့ပါပြီ……………..
လမ်းထဲက ကလေးတွေလည်း….အရူးကြီး..လို့ ပြောကုန်ပြီ….
ငါ့ စိတ်ထဲမှာတော့….မင်းဟာ…ငါ့ရင်ထဲမှာ..
တစ်သက်လုံးမပြောင်းလဲပဲငါချစ်လို့ နေဦးမှာပါ…
ငါ ရဲ့ ဘုရားသခင်က ငါ့ကို မမြင်သေးပါဘူး….
ငါ့ ရဲ့ ကောင်းကင်ကတော့.. မျက်ရည်တွေ ကျပေးတယ်…
အချစ်ဆိုတာ..ဘာလဲ…..
(အို..မိတ်ဆွေ…အသင်ကော..အဓိပ္ပါယ်တစ်ခုဖွင့်ဖူးပါသလား..)
ကျွန်တော့် ရဲ့ ပုခုံးသားတွေ ပျော့ အိကျလာသလိုခံစားရတယ်….
နှလုံးသားတွေ မလှုပ်ရှားနိုင်တော့ဘူးထင်ပါတယ်…..
ကျွန်တော့် ဘေးမှာ လမ်းဘေးခွေးတွေ လဲဝိုင်းနေတယ်…
ငါ ကန္တာရထဲကို တစ်ယောက်တည်းလျှောက်မိနေတယ်လေ….
လင်တများကလည်း… ၀မ်းသာကြောင်း စကားစမည် ပြောကြတယ်…..
အခု….ငါ လဲကျသွားပြီ….
ဘယ်သူက ငါ့ကိုထူမှာလဲ…….
အို……….အလွန်လှပလိုက်တဲ့ မြင်ကွင်းလေးပါလား ……
(မိတ်ဆွေ …လူတစ်ယောက်ကို…လှောင်ပြောင်နေတဲ့ မြင်ကွင်းမျိုးကိုကော …
မြင်တွေ့ ဖူးပါလား….)
ကျွန်တော် အလှောင်အပြောင်ခံနိုင်သွားပါပြီ…..
စိတ်ဓါတ်များကို …မီးရှို့ ဖြတ်စီးလိုက်တယ် …..
ငါ စားသုံးနေတဲ့  … အရက်ဖြူတွေ …ငါ့ခေါင်းပေါ်ကို ပြန်လည် လောင်းချလိုက်တယ်……
ပြီးဆုံးသွားပါပြီ……….. … ဘ၀သစ်ကိုပြန်စမယ်ဆိုပြီ…
တစ်ယောက်တည်း…ပင်လယ်ထဲကို ဆင်းသွားလိုက်တာ………………………..
ဝန်ခံချက် (၁) ။ ။ ကျွန်တော် အရက်သမားမဟုတ်ပါဘူး…
ဝန်ခံချက် (၂) ။ ။ ကျွန်တော်၏ သူငယ်ချင်းကို စော်ကားသွားသော မိန်းကလေးအတွက်လည်းမရည်ရွယ်ပါဘူး
ဝန်ခံချက် (၃) ။ ။ ကျွန်တော် ဘယ်သူ့ ကိုမှ မရည်ရွယ်ပါဘူး….
အာကာ
[email protected]
Comment #1
Hi looks so impressive and interesting blogs, come and visit us back too:
http://ads.com.mm/?
cid=4fd9a687e4b0fa6db841e34f&utm_campaign=ads_mm_lb_blog_mgesc&utm_source=ads
_lb_blog&utm_medium=lb_blog