အမှန်အတိုင်းလေး ပြောရအောင်
မတွေ့ရတဲ့ရက်တွေ
မောင် ဘာတွေလုပ်နေလဲ
အတွေးများဖြင့် တစ်ယောက်တည်း
ချာချာလည် ရူးတော့မယ်။
သတိရမိတဲ့ရက်တွေ
တွေ့ခွင့်မရှိတဲ့ရက်တွေမှာ
မောင်တစ်ယောက် နေကောင်းပါစေ
ဆုတွေတောင်းမိတာ အကြိမ်ကြိမ်ပါ။
လွမ်းရင် လွမ်းတဲ့အကြောင်း
သတိရမိရင် သတိရမိတဲ့အကြောင်း
မောင့်ကို မညာတမ်းဝန်ခံချင်တယ်မောင်။
တခါတခါ တွေးနေမိတယ်
တို့နှစ်ယောက်ဆုံရင်
ခံစားရသမျှကို မညာတမ်း
အမှန်အတိုင်း ၀န်ခံရအောင်လားမောင်။
Comment #2
million thx
By: ei lay at Feb 28, 2013
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
a pyat a tat ko htout khan par ei,
a pyat a tat ko arr pay par ei,
😛