Professional Authors

ဂန္တဝင်မြောက်တဲ့ ဘဝခြေလှမ်း

 

***** ဂန္တဝင်မြောက်တဲ့ ဘဝခြေလှမ်း *****

 

ဘဝတစ်ခုရဲ့ တရားခံဟာ

လကွယ်ညလို ကိုယ့်အလင်းကို

ကိုယ့်အရိပ် ကွယ်တဲ့ ကမ္ဘာပါ

အလင်းတစ်ခု ကွယ်လွန်သွားရင်

အမှောင်တိုက်ကြီး မွေးဖွားလာမယ်

ကိုယ့်လမ်းကြောင်း ဖြောင့်ဖို့ရာ

အားလုံးကို တံခါးပိတ်ပြီး ညာရတော့မှာလား..။

 

သမိုင်းမျက်နှာစာမှာ ကြည့်ခဲ့ဖူးတဲ့

စာမျက်နှာကို အမှောင်ချလို့

တယူသန်စိတ်နဲ့ ဘိက်သိပ်ခံခဲ့

ကျန်ရစ်ခဲ့တဲ့ ခြေရာတွေဟာ

ကျောနောက် ထိရှတဲ့ ဓားချက်တွေသာဖြစ်မှာပေါ့…။

 

တိုက်ခိုက်မှု မရှိဘူး…

လှုပ်ရှားမှု မရှိဘူး..

ဒီအတိုင်းပဲ တည်ငြိမ်..

ငြိမ်သက်နေတဲ့ လေဟာနယ်ထဲ

လွင့်တင်ထားတဲ့ ဘဝတံဆိပ်ဖြစ်တဲ့

သမိုင်းတစ်ခုရဲ့ အလံဆိုတာ

လေတိုက်မှ လှတဲ့ အရာပေါ့…။

 

မုန်သုန်လေဖိအားမဲ့တဲ့ လှိုင်းလွန်နယ်ပယ်ထဲ

အဲဒီနေက စပြီ တစ်ဘဝစာလုံး ရွာတဲ့မိုးတွေ

အားလုံးရဲ့ ပါးပြင်မှာ အပြည့်ပွင့်လို့

အားလုံးနှလုံးသားထဲ အပြည့်ဖူးလို့

အားငယ်နေတဲ့ ဆူးခတ်များလို မျက်တောင်လေးက

တဖျက်ဖျက် ခါချနေပါတယ်..

အဲဒီနေ့က ဘဝဆိုတဲ့ ဖခင်ရဲ့ ခွန်အားတွေ

နှလုံးသား အသည်းဆိုင်တွေ

ခဝါချလို့ မြှုပ်နှံလိုက်ရသလို

မိုးတွေကလည်း ပြင်းရိရိ ခြောက်ခြောက်သွေ့သွေ့နဲ့

ရွာသွန်းနေဆဲ ငိုချနေဆဲ..

ကမ်းစပ်မှာ နားခိုနေတဲ့ ဘဝနာသူတွေကို

လှိုင်းလုံးကြီးက သယ်ဆောင် ဝါးမျိုသွားတယ်…

ဒါပေမဲ့ အလွမ်းဒဏ်ရာ နာကြည်းမှု ဒဏ်ရာတွေကို

ဘယ်သူမှာ ဝါးမျို သယ်ဆောင်လို့ မရခဲ့ဘူး..။

 

ကာလတစ်ခု ကွယ်လွန်သွားတဲ့ နောက်တစ်နေ့…

ဘဝတစ်ခုရဲ့ အမွေဖြစ်တည်ရှိနေတဲ့

နံရံထက်က ဓားတစ်ချောင်းကို

ကံကြမ္မာ လက်ချောင်းတို့နဲ့

ထက်မထက် ထစ်စမ်းချင်ခဲ့ သူ..

လောကဓံ ပုန်ကန်မှု ထူသလား ပါးသလား

မသိ မိုက်မဲသူ….

နိယာမ ညွန်ကြားချက် မသိရတဲ့

ဘဝဇာတ်ခုံထဲ ဇာတ်ဝင်ခန်း ထောင့်ချိုးတနေရာမှာ

အမှောင်ချလို့ မထင်မရှား နေရာယူရင်း

နောင်တ ဖြစ်လာတဲ့ ဘဝ အန္တရယ်တောကြမ်းထဲ

အစွယ်ကို ရိုက်ချိုး ကြိမ်းဝါးခဲ့

အရှုံးရဲ့ အခြားမဲ့မှာ ပန်တိုင်ဆိုတာ ရှိကြစမြဲပါတဲ့…။

 

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Jul 24, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment