ချစ်ခြင်း၏အဆုံးသတ်
ရမ္မက်မီးတွေလောင်မြိုက်နေတဲ့  …လောကကြီးမှာ
မင်းတစ်ယောက်သာယုံစား…
ကိုးကွယ်ခဲ့တာငါ့အမှား…
ဘယ်လောက်ပင်ချစ်နေပါစေ
အချစ်ရဲ့ အဆုံးသတ်မှာတော့
လှပတယ်ဆိုတာမရှိပါဘူး
ဘယ်ဒဏ္ဍာရီမှာမှလည်း
အချစ်ဆိုတာအဆုံးသတ်မလှပခဲ့ ပါဘူး
ရတုန်းလေးပျော်ပိုက်ခဲ့ပေမဲ့
အခုတော့ငိုရှိုက်ကတော့မယ်
မင်းစွန့် ခွာသွားတဲ့ နောက်
မင်းထွက်သွားတဲ့ နောက်
မင်းမရှိတော့တဲ့ နောက်
နေမ၀င်အင်ပါယာကြီးတောင်
ညနေစောင်းလုနေပြီ
အမှောင်ထဲမှာ…..
ငါတစ်သက်လုံးမုန်းခဲ့တဲ့…ခိုတစ်ကောင်လိုပဲ
အခုတော့ညည်းညူနေရတော့မယ်
ဖေဖော်ဝါရီ-14ကိုချစ်သသူများနေ့ လို့ ..ငါမသတ်မှတ်ချင်ဘူး
နင်ပထမဆုံးပေးတဲ့
အနမ်းနဲ့ စတဲ့ နေကသာ
ငါ့အတွက်အမှတ်တရနေ့ ပါ…
နင်မရှိတော့..အချက်အချာကျတဲ့ နေ့ တွေကိုလည်း
ငါဘယ်လိုဖြတ်ကာသွားမလဲ…
နင့်ဘ၀မှာငါမရှိရင်ဖြစ်ပေမဲ့
ငါ့ဘ၀မှာနင်မရှိရင်
အရာရာဟာ လမိုက်ညပါပဲ…
Comment #2
Thz ma Ei lay
we were lived for True Love!
but anyone may be go away from me!
Comment #3
Sorry,loafer.
I don,t understand very well what u mean.
Plz explain me.
Comment #4
အချစ်စစ်အတွက်အသက်ရှင်နေရပေမဲ့မချစ်သူကတော့အဝေးထွက်ကောင်းထွက်သွားမှာပါလိုပြောတာပါ
Comment #5
နင့်ဘ၀မှာငါမရှိရင်ဖြစ်ပေမဲ့
ငါ့ဘ၀မှာနင်မရှိရင်
အရာရာဟာ လမိုက်ညပါပဲ…
ထိတယ်ကွယ်
~ Kk ~
Comment #6
thz Kk
Comment #1
so nice.
same to u.
ei ba wa hmar le thu ma shi loh ma ya bu,