ယနေ့ နှစ်သန်းလေးဆယ်
ငါ့ရင်ထဲက အပူစီးကြောင်းတွေကြောင့်
အညာနွေ လှန်ပြတဲ့ လက်တွေကို
ငါ မခံစားနိုင်တော့ဘူး ။
လက်တင်ရလောက်အောင်လည်း
နဖူးက အေးမြမနေဘူး ။
ပိန်ချည်ဖောင်းချည် ကစားနေတဲ့
ငါ့ဝမ်းဗိုက်က ငါ့ကို မသိကျိုးကျွန်ပြုလို့ ။
မျက်နှာပေါ် ရှပ်ပြေးတဲ့ အပြုံးများ
ပုဝါပါးလှပ်ပြမှ မြင်ရတဲ့ ဒြပ်ထုများ
ခဏခဏ စစ်ကြည့်မှ တွေ့ရတဲ့ အလှတရားများ
ရှေ့တခေါ်က မြက်ခင်းစိမ်းလမ်းများ
……………………………………………..
……………………………………………..
…….….များ၊.……..….များ၊………..….များ၊
အဲဒါတွေ အားလုံးအတွက်
ငါ ဘေးထွက်ထိုင်နေရတယ် ။
တကယ်တော့
ငါကို ငါ တူးဖော်ကြည်တဲ့အခါမှ
ပြန်တွေ့တွေ့နေရတာက………
လူတွေ ။ ။
မောင်နေပြာ
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service