လွမ်းတေး – ၃
အဲဒီ မိုးတိမ်တွေပေါ့ လိုရာကိုပြေးထွက်သွားလိုက်တာ
ကြယ်တွေစုံတဲ့ညမှာ ငါ့မှ တယောက်တည်း နင့်နင့်သည်းသည်း ကြေကွဲ
ဒါဟာ..ဘယ်လို အထူးအဆန်း ပါလိမ့်
မမြင်မကန်းနဲ့  လည်း မင်းသာလက်ကမ်းဝံ့တယ်ဆို
မဆိုင်းမတွနဲ့ အပြေးလှမ်းလာဝံ့တဲ့ကောင်
ခုတော့လည်း……..တံခါးခေါက်သံသဲ့သဲ့ပင်မကြားပဲ အချစ်ဟာ
ငါ့ရင်ဘတ်ထဲ တိုးဝှေ့  ၀င် ရောက် ခဲ့ပေါ့
ငါ
တားဆီးချိန်လည်း မရလိုက်ပါလား ကွယ်။
မမှန်း မတမ်း ပါပဲ အလွမ်းဟာ အဖော်အစုံအလင်နဲ့  ငါ့ပြက္ခဒိန်ထက်မှာ နေရာယူ မင်းမူလို့ ကြီးစိုးနေလိုက်တာ
မင်းနဲ့ ဝေးေ ၀း က ငါ့ နေ့ စွဲ များ …. အလိုလို ပြာကျ သွား သလို
မင်းမရှိပေမယ့် မင်းရှိနေသလို ပုံရိပ်တွေနဲ့ ကစားတဲ့ မျက်ဝန်း
ဘယ်နေရာ ရှိရှိ မင်းကြည့်နေသလို အသိနဲ့  ငါ တိုးတိုးလေး လိမ်မာ ခဲ့ဖူးတယ်
ယုံ ကြည် ပေး ပါ အချစ်ရယ်
အစရှာမရတဲ့ ပြဿနာ များ ငါ့ကံကြမ္မာမှာ ပပျောက်ကင်းနေစေဖို့ 
ငါ့ ဘ၀ မှာ မင်းကို ခဏ မေ့ဖျောက်လိုက်တဲ့ အခါ
အဲဒီ မိုးတိမ်တွေပေါ့ လိုရာကိုပြေးထွက်သွားလိုက်တာ
ကြယ်တွေစုံတဲ့ညမှာ ငါ့မှ တယောက်တည်း နင့်နင့်သည်းသည်း ကြေကွဲ
(ပြန်လာလာချင်း ၀မ်းနည်းစရာတင်တယ်လို့  ကျွန်တော့် ညီမလေး ဝေဖန်မှာဆိုးလို့  ..လွမ်းတေးလေးပဲတင်လိုက်ပါတယ်)
Comment #3
thz so much,,ma moe.
u r really an excellent professional.
i admire u so much,
all of ur poems make the readers feel something.
all of ur thoughts make the readers get emotions.
i m envious of u so much.
in my opinion,,all of ur poems are always touching.
Comment #6
လွမ်းတေး !!
Comment #7
( ငါ့ရင်ဘတ်ထဲက ထာဝရလည်ပတ်နေမယ့် ၀ဿန်ရာသီ သို့ …………..)
ဒါကို မြန်မြန်ယူလာပေးပါ …………………
ခမ်းနားလွန်းလို့ ဘယ်နားသိမ်းဆည်းထားရမယ်မှန်းမသိတော့ဘူးး
ဖဘ မှာဘရောက်ဇာ ၀င်းဒိုးအစ်ခုသိးသန့် ဖွင့် ပြီးနေးနေမိတယ် … ကွန်မန့် ပေးဖို့ လည်းဆွံ့ အလို့ ရယ်
Comment #8
မင်းမရှိပေမယ့် မင်းရှိနေသလို ပုံရိပ်တွေနဲ့ ကစားတဲ့ မျက်ဝန်း
ဘယ်နေရာ ရှိရှိ မင်းကြည့်နေသလို အသိနဲ့  ငါ တိုးတိုးလေး လိမ်မာ ခဲ့ဖူးတယ်
ယုံ ကြည် ပေး ပါ အချစ်ရယ်…………….
Comment #9
မမြင်မကန်းနဲ့  လည်း မင်းသာလက်ကမ်းဝံ့တယ်ဆို
မဆိုင်းမတွနဲ့ အပြေးလှမ်းလာဝံ့တဲ့ကောင်
ခုတော့လည်း……..တံခါးခေါက်သံသဲ့သဲ့ပင်မကြားပဲ အချစ်ဟာ
ငါ့ရင်ဘတ်ထဲ တိုးဝှေ့  ၀င် ရောက် ခဲ့ပေါ့
ငါ
တားဆီးချိန်လည်း မရလိုက်ပါလား ကွယ်။
ဟုတ်တယ်…အမရာ..တကယ်ကိုတားဆီးချိန်မရခဲ့ဘူး..
နှစ်သက်ခံစားအားပေးသွားပါတယ်…မမိုး..
Comment #10
ကျွန်တော့်အားဆေး လေးများအားလုံးကို အထူးလေးစားချစ်ခင်လျှက်ပါခင်ဗျာ….
တကယ် ပျော်ရွှင်ကြပါစေ ….
Comment #11
မင်းမရှိပေမယ့် မင်းရှိနေသလို ပုံရိပ်တွေနဲ့ ကစားတဲ့ မျက်ဝန်း
ဘယ်နေရာ ရှိရှိ မင်းကြည့်နေသလို အသိနဲ့  ငါ တိုးတိုးလေး လိမ်မာ ခဲ့ဖူးတယ်
ယုံ ကြည် ပေး ပါ အချစ်ရယ်
Comment #1
i m no.1