ရှာပုံတော်
<3 <3 <3 ရှာပုံတော် <3 <3 <3
အစဉ်လာ တိမ်တိုက်နေတွေကြား
ထမ်းထားခဲ့တဲ့ ဝန်ထုပ်တစ်ခုဟာ
မျက်ရည်မိုးစက်တွေ ရွာသွန်းလို့
ခုတ်မောင်းနေတဲ့ ဘဝထဲ ဝင်ရောက်လာတယ်…။
ပြေးဝင်သွားတယ် အသံမကြားလိုက်ဘူး..
ခုတ်မောင်းတာ မြန်ဆန်လွန်းတယ်
နဘေးက ကြားလိုက်တဲ့ သူက
ကျည်ဆန်ရထားတစ်စီး ဖြတ်သွားတာလားတဲ့…။
မပြောခဲ့ဘူး ကြည့်နေမိတယ်
အချိန်ကိုက် ထိရှလာတဲ့ မိုင်းလ် စဟာ
ခန္ဓာကိုယ်မှာ ဒဏ်ရာမရှိပေမဲ့
နာကျင် ကိုက်ခဲနေဆဲပေါ့….။
ဖြတ်ခနဲ့ ရောက်သွားတယ်..
တောင်စဉ် တောင်တန်းတွေလည်း ကျော်ဖြတ်လို့
အလုံပိတ် ဂူကို ထိုးဖောက်
အစရှာမရတဲ့ သက်တန့်ဆိုတာ
မိုးရွာပြီးမှ တစ်ခါတရံ ပေါ်လာတတ်တာ သဘာဝပါ…။
တက္ကသိုလ်မြတ်မင်း
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service