လက်ဖက်ရည် ဆိုင်
လက်ဖက်ရည် ဆိုင်
လွန်ခဲ့သော ၄ နှစ်ခန့်ကတည်းက ကျွန့်တော်ရဲ့ ကိုယ်ပိုင် အချိန်စာရင်းထဲမှာ လက်ဖက်ရည်ဆိုင်ထိုင်ချိန် ဆိုပြီး List တစ်ခု ထပ်တိုးလာခဲ့ရဖူးသည်။ငယ်ငယ်လေးကတည်းကနေ ၁၀ တန်းအထိ လက်ဖက်ရည်ဆိုင် တစ်ခါ မထိုင်ဖူးခဲ့သော လူတစ်ယောက်
ဘ၀ကို ထိုအချိန်မှ စတင်ကာ တဖြည်းဖြည်း ခြင်း ပြောင်းလဲလာ တက်သည်။သူငယ်ချင်းများနှင့် အတူထိုင် ရင် ထိုင် မပာုတ်ရင် တစ်ယောက်တည်း ထိုင်ကာ အချိန်ကိုလက်ဖက်ရည်ဆိုင်မှာ ဖြုန်းတက်သော လူငယ်တစ်ယောက် ဖြစ်လာခဲ့သည်။ကျွန်တော်
နေသော သင်္ဃန်းကျွန်း မြို့နယ် ၏ ချောင်မကျတစ်ကျ အိမ်နဲ့မဝေးတစ်ဝေး တစ်နေရာမှာ လက်ဖက်ရည်ဆိုင်လေး တစ်ခု ရှိသည်။
ကျွန်တော့်ကို အချိန်ဖြုန်းတက်အောင် သင်ပေးခဲ့သော နေရာဖြစ်သည်။ပျော်ရွှင်မှုတွေ၊၀မ်းနည်းမှုတွေ၊ရန်ခုန်မှုတွေ၊ကြေကျွဲမှုတွေ
၊မျှော်လင့်ချက်တွေ အကုန်ဒီဆိုင်လေးထဲမှာ မြုပ်နှံခဲ့ဖူးသည်။ ကျွန်တော် လို့ ပာု သုံးနှုန်း ရခြင်းထက် ကျွန်တော် တို့ ပာု သုံးနှုန်းရခြင်း
က ပိုပြီး အဆင်ပြေလောက် မည်။ ကျွန်တောတို့ သူငယ်ချင်း တစ်ဖွဲ့လုံး ၏ အချိန်ဖြုန်းစရာ နေရာလေးတစ်ခု ပာုပြောခြင်းက ပိုမှန်
လောက်သည်။
တကယ်တော့ လူငယ်တစ်ယောက် အနေဖြင့် online မှာ Social ကျရခြင်းထက် လက်ဖက်ရည်ဆိုင်မှာ တစ်ယောက်နှင့်တစ်ယောက်
နေကောင်းလား ပာု မေးရခြင်းကို ကျွန်တော် ပိုသဘောကျ သည်။ကျွန်တော်တို့ သူငယ်ချင်းတစ်ဖွဲ့ လုံး တစ်ယောက် နှင့် တစ်ယောက် အသွင်မတူ စရိုက်မတူ ကျပေမယ့် လက်ဖက်ရည်ဆိုင် ထိုင်ရတာတော့ အကုန်နှစ်သက် ကြသည်။တစ်ယောက် နှင့်တစ်ယောက်
လက်ဖက်ရည်ဆိုင်မှာ နောက်ကြ ပြောင်ကျရင်း အချိန်တွေ ဖြုန်းတက်ခဲ့ကြသည်။ဆေးလိပ် သောက်တက်ခဲ့ကြသည်။လွတ်လပ်မှုတွေ
ရှာဖွေ ဖူးကြသည်။မျှော်လင့်ချက်တွေ ထုဆစ်ဖူးသလို ရည်မှန်းချက်တွေ ကိုလည်း အရည်ဖျော်ချဖူးကြသည်။အိပ်မက်တွေ ဖလှည်
ခဲ့ကြသလို စိတ်ကူးတွေ ငှားရမ်းဖူးကြသည်။ဖြတ်သွားဖြတ်လာကောင်မလေးများကို ငေးရင်း နဲ့မှ စိတ်ကူတွေ ယဉ်ခဲ့ကြသလို စိတ်ကူး
တွေလည်း ရိုင်း ခဲ့ကြသည်။တစ်ယောက်ယူလာသည့် ပျော်ရွှင်မှုတွေကို အကုန်လုံးစားသုံး ခဲ့ကြသလို။ တစ်ယောက် ၀မ်းနည်းကြေကွဲ
သည့်အခါမှာလည်း အားလုံး ယူဆောင်ပေးခဲ့ကြဖူးသည်။တက္ကသိုလ်ကျောင်းသား ဘ၀မှာ စရိတ် အနည်းဆုံး ကျောင်းပြေးသည့်နေရာ
တစ်ခုလည်းဖြစ်သည်။ကျွန်တော့်ဘ၀ တစ်စိတ်တစ်ပိုင်းရဲ့ ရင်ခုန်မှုတွေ ကို ဆောင်ကြည်းယူဆောင် လာပေးခဲ့သော နေရာတစ်ခုလည်း
ဖြစ်သည်။ သူ့ရဲ့ စိတ်ကူးထဲက အိမ်ကလေးတစ်လုံးကို သူငယ်ချင်းတစ်ယောက် က လက်ဖက်ရည်ဆိုင်မှာ ချပြဖူးသည်။ကျွန်တော်တို့
စိတ်ကူးများ နှင့် ဖြည့်ဆည်းကာ နန်းတော် တစ်ခု အဖြစ် မွမ်းမံပေးခဲ့သည်။ဆိုင်၏ထောင့်တစ်ထောင့်မှာ တစ်ယောက်တည်းထိုင်ရင်း
ကမ္ဘာတစ်ဖက်ခြမ်းကို ရွက်လွှင့်သွားခဲ့ဖူးသည်။ လက်ဖက်ရည်ဆိုင် ၏ ထိုင်ခုံပေါ်မျာထိုင် ရင်းနဲ့မှ ကောင်းကင်ထက်မှာ စိတ်ကူးစွန်ကို
ပျံဝဲ ခဲ့ဖူးသည်။ ထိုင် လက်ဖက်ရည်ဆိုင်မှာ ပဲ ဂစ်တာတွေတီးခဲ့ဖူးသည် ။ မုန့်တွေ လုစားခဲ့ ကြသည်။ တစ်ခါတစ်ခါ ဘောလုံးပွဲ ကြည့်ရင်း အပြန်အလှန် ငြင်းခုံ ခဲ့ဖူးကြတာ အရမ်းပျော်စရာကောင်းတာပဲ ပာုတွေးမိသည်။ မသန့်တဲ့မုန့်ပာင်းခါး စားမိလို့ လက်ဖက်ရည်
ဆိုင်မှာ -ျီးပန်းခဲ့သော ဘ၀ကိုလည်း မေ့လို့ မရနိုင်သေး။ကျောင်းပြေး ဂိမ်းသွားဆော့ပြီး လက်ဖက်ရည် ရည်ဆိုင်မှာ အာပေါင်အားရင်း
သန်သန်ပြော ခဲ့သော အချိန်များ ကိုလည်း သတိရမိသည်။ပြန်တွေးကြည့်မိရင် လွမ်းစရာတော့တော်တော် ကောင်းသည်။
လွန့်ခဲ့သော ၆ လခန့်ကတည်းက နေ အခုအချိန် အထိ ကျွန်တော့်ရဲ့ နေ့စဉ် အချိန် စာရင်း ထဲမှာ လက်ဖက်ရည်ဆိုင်ထိုင်ချိန်
ဆိုသည့် list မှာမှိန်ပျပျ သာကျန်တော့သည် တစ်ပတ်ကို ၂ ရက် တောင်မှ အချိန် မနည်းလုကာ ထိုင်ရသည်။ သူငယ်ချင်းတွေ လည်း
အရင်လို မစုံလင်တော့ ။အလုပ်တစ်ဖက်နှင့် အချိန် လုကာ လက်ဖက်ရည်ဆိုင် လာရသည့် သူက ပိုများသည် အကုန်လုံး နီးပါးမှာ
တာဝန်ကိုယ်စီ ကိုယ်စီ နဲ့။ တစ်ချို့ သူငယ်ချင်း တွေကတော့ နေရာဒေသတွေ ပြောင်းသွား ပြီ။ အရင်လို အချိန်တွေလည်း မဖြုန်းနိုင်
ကြတော့။စိတ်ကူးတွေ မယဉ်နိုင်ကြတော့ စိတ်ကူးထက် လက်တွေ့က ပို အရေးကြီး ကုန်ကြပြီဖြစ်သည်။ စရိုက်တွေ ထပ်တူမကျ
ပေမယ့် ဘ၀တွေက တော့ တဖြည်းဖြည်း ထပ်တူကျလာသည်။ပျော်ရွှင်မှုတွေကို လူချင်းတွေ့ ပြီးမျှဝေ ဖိုရာ အချိန်မရှိတော့ ဖုန်း
ဆက်ပြီးတော့ သာ မျှဝေ နေရသည်။ကြေကွဲမှုတွေ ကိုတော့ တစ်ယောက် ကို တစ်ယောက် အားနာသော စိတ်ဖြင့် ကိုယ့်ပာာကိုယ်သာ
ကြိတ်မှိတ် ခံစားကြရရှာသည် ။ အချိန် တွေ ရှားသွားတော့ အချိန်တွေ ဖြုန်း မိတာကို တော်တော် သတိရသည်။ပြန်တွေးကြည့်ရင် လွမ်းစရာတော့ တော်တော်ကောင်းသည်။
Comment #1
yes! i have the same life with u . i like ur creation