ငါ့အပြစ်ပါ
အလွမ်းဆိုတဲ့ ဝေါဟာရတစ်ခု
ငါဘိဓာန်မှာ ငါချရေး
ထားခဲ့မှာကို ကြိုသိနေပေမဲ့
ခွင့်လွတ်စွာ ချစ်နေမိတာ
ငါ့အပြစ်ပါ.
ငါသိပါတယ်
ချစ်တတ်ရုံနဲ့
ဘွဲ့တက်ယူမိတာ
ငါ့အပြစ်ပါ….
နင်ပျော်ရင်ပြီးရောလို့
ချစ်စိတ်နဲ့ နားလည်ပေးခဲ့တာ
ငါ့အပြစ်ပါ..
နင်မှန်ပါတယ်
နေပူအောက်ဘဝမျိုးကို
ဘယ်စိတ်ကူပမလဲ
ငါကိုက မှားခဲ့တာပါ
ငါ့အပြစ်ပါ….
ဖြူစင်စွာချစ်မိတဲ့
ငါ့နှလုံးသားတစ်စုံ
နင့်အတွက်
ရေစက်ချ အမျှဝေတာကိုက
ငါ့အပြစ်ပါ…
နင်လိုအပ်ရင်
နင့်ဘေးမှာ ငါအမြဲတမ်း
ရှိနေတယ်ဆိုတာ
နင်မသိခဲ့တာ
ငါ့အပြစ်ပါ…
ငါဆိုတဲ့ကောင်ကလည်း
နင့်လိုချင်တဲ့
ပုံစံမျိုးနဲ့ဘဝမျိုးမှ မဟုတ်တာ
ငါ့အပြစ်ပါ…
နင်ပေးတဲ့ အနမ်းတချို့နဲ့
နင်နဲ့အတူရှိနေတဲ့
နေရာဟောင်းလေးကို
အလိုလို ရောက်နေမိတိုင်း
နင်ပြန်လာမယ်လို့ စိတ်ကူးယဉ်ပြီး
ပျော်နေခဲ့မိတာ
ငါ့အပြစ်ပါ..
နင်သွားပါ
လွတ်လွတ်လပ်လပ်နဲ့
ငါ့နှလုံးသားကို
နင်းချေပါ
ငါခွင့်လွတ်နေဦးမှာပါ…
သနားစရာကောင်းတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ခံစားချက်ကို ကိုးကားကာ
စိုး…
Comment #2
မိုက်တယ် bro အားပေးပါသွားပါတယ်
Comment #4
ကောင်းတယ်ဗျ…..
ဘယ်သူ့အပြစ်မှမဟုတ်ဘဲ..ကိုယ့်အပြစ်၇ှိတာကိုပဲဖော်ကျူးသွားတယ်လေ……
ခံစားအားပေးသွားပါတယ်…
Comment #5
ငါ့အပြစ်ပါ … ဒါလေးတစ်ခုတည်းနှင့်ဖမ်းစားနိုင်တယ်နော်
Comment #1
D lout soe de kaung ma lay,,wit le hmar Tay char de.