“ရာသီစာ” ၊မင်းထက်ညိမ်း
“ရာသီစာ”
မင်းထက်ညိမ်း
*မျှော်လင့်ချက်မဲ့နေတဲ့
ဖြူဖပ်ဖြူရော် မိုးသားမျက်နှာစာ
လောကစိမ်းစိမ်းတွေကို ပြူးပြဲရှာဖွေနေတဲ့
မနက်ဖြန်အတွက် မျက်လုံးများ
လောကဓံ မျက်နှာကျက်ဗလာ
ခြေဗလာ
လက်ဗလာ
သောက ထပ်ခိုးပေါ်က လူနေဒုက္ခ အခန်းတွဲများ
“ အစောက မိုးဦးမကျသေးတဲ့ မြေလတ်က တစ်ယောက်နဲ့
အခု ရေကြီးကမ်းပါးပြိုနေတဲ့ အောက်ပြည်က တစ်ယောက်”
သူတို့ က တစ်ဌာနထဲလား….
ဒီလိုတော့ မဟုတ်သေးပါဘူး…ကွယ်တို့…..။ ။
မင်းထက်ညိမ်း
၁၆၊ သြဂတ် ၊ ၂၀၁၂။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service