မျှော်လင့်ချက်
အဖော်မပါ တစ်ယောက်တည်း
ခြေဦးတည့်ရာကို ငါလျောက်လမ်း
အချစ်ဆိုတဲ့ ဘဝတစ်ခုကို
ငါကိုယ်တိုင်ဖန်တီးပြီး
အမုန်းဆိုတာနဲ့ပဲ ဇာတ်သိမ်းခဲ့ပြီ..
မျှတခြင်းဆိုတာဘာလဲ လောကကြီးရယ်..
အလွမ်းတွေနဲ့ နှစ်ပါးသွား
အချစ်ကံခေတယ်ပဲ ထားပါဦး
ငါချစ်ခဲ့တာက မှားလို့လား
ပြောလိုက်စမ်းပါ
မှားခဲ့တယ်ဆိုရင် ဆောရီးပါ
ငါမချစ်တတ်ခဲ့လို့ထင်ပါတယ်…
ငါလိုလူက သူများတွေလို
ကဗျာတွေ စာတွေမရေးတတ်
အနုပညာမဆန်တတ်ပါဘူး
ရသလည်း မမြောက်ခဲ့ပါဘူး
ဒါပေမဲ့ မင်းအပေါ်ထားတဲ့
သယောဇဉ်ကိုတော့ ဘာမှနဲ့ဖြတ်လို့မရဘူးဆိုတာ
မင်းယုံထားပေးပါ.
ကျောက်ခဲကို ရေညစ်လို့
ရေထွက်ပါလိမ့်ဦးမယ်.
ငါမှာတော့ လွမ်းညတွေ နှိပ်စက်လို့
နှိုးမထနိုင်ဘဲ အဆိပ်သင့်ခဲ့ပြီ..
ပန်းတစ်ပွင့်ကို ငါခူးနမ်း
အဆိပ်ပန်းဖြစ်နေပေမဲ့
ငါ လွတ်ထုတ်မပစ်ခဲ့ဘူး
အဲဒါ ဘာဖြစ်လို့လဲသိလား…
မသိတာပဲကောင်းပါတယ်.
နင်ငိုရင် ငါနာကျင်ခဲ့ရလို့
ရွာထဲက ဒဏ်ရာနဲ့လူပါ
နင်စိတ်ကြိုက် နင်းချေပျက်ဆီးသွားပါ..
ငါက လိပ်ပြာလေးပါ
နင်ကိုသာ ငါနမ်းမယ်
နင့်ကိုပျက်ဆီးမဲ့လူမဟုတ်ပါဘူး
ငါမှာ နင့်ဆီကသာ မျှော်လင့်တစ်ခုပဲရှိပါတယ်..
နင်ပျော်ရင် ငါသေပျော်ပါတယ်..
ဘာလို ညာလိုနဲ့တော့
မလှည့်စားပါနဲ့ဟာ
မနေချင်ရင် ထွက်သွားပါ..
ငါမတားပါဘူး
ဒါပေမဲ့ မျှော်လင့်ချက်တော့ မထားခဲ့ပါနဲ့…
မိန်းကလေးတစ်ယောက်ရဲ့ ခံစားချက်လေးပါ..
စိုး…
Comment #2
မျှော်လင့်ချက်မထားခဲ့ပါနှင့် ထပ်တူခံစားသွားပါတယ်
Comment #3
ကဗျာကောင်းလေးတစ်ပုဒ်ပါ။
Comment #1
😛