လွမ်းရက်တွေအကြောင်း (မင်းကိုချစ်တဲ့သူ)
သန်းခေါင်ယံညရဲ့
သန်းပေါင်းများစွာရှိတဲ့ ကြယ်တွေထဲ
လင်းလက်နေတဲ့ လတစ်စင်း
မှောင်မိုက်နေတဲ့ ငါ့ညတွေကို
လမ်းပြပေးပါ…
မင်းအနားမရှိတဲ့ အခိုက်
ကံကြမ္မာကလဲ တခါတရံ
ရူးရူးရှဲရှဲလုပ်လိုက် တရံတခါ
ဟီးဟီးဟဲဟဲလုပ်လိုက်နဲ့
ငါ့ဘ၀ကို ပြက်လုံးထုတ်နေကြတယ်…
အထူအပါးမသိတဲ့လူအများစုက
သုညကို တန်းဖိုးလာဖြည့်နေတယ်
ပုံမှန်ချမှတ်ထားတဲ့ ဘောင်တစ်ခုထဲက
ငါ့ကိုခေါ်ထုတ်ပေးပါ… ငါဆိုတဲ့ သုညဟာ
မင်းတန်ဖိုးဖြည့်ဖို့ ဖြစ်တည်လားခြင်းပါပဲ…
မင်းမရှိသေးတဲ့ ငါ့နေ့ရက်တွေကို
ပြက္ခဒိန်လှန်ရင်း ကုန်ခန်းစေခဲ့တယ်
ဆုံမှတ်မတွေ့သေးတဲ့ ငါ့နေ့ရက်တွေကို
မေ့ဆေးပေးလို့ တိတ်ဆိတ်ဖြတ်သန်းနေမယ်
ငါ့တို့ပြန်ဆုံတွေ့ရင်တော့ ငါ့နှလုံးသားကို
ကျေးဇူးပြုပြီး တံခါးခေါက်လို့ နှိုးပေးပါ…
ကောင်းကင်ကြည့်လို့ မလွမ်းဖူးပါဘူး
ကြယ်တွေကိုလဲ လွမ်းကြောင်းမပြောဖူးဘူး
ဒါပေမယ့်… ရိုးရိုးလေးလွမ်းပြီး
ရိုးရိုးလေးအလွမ်းကဗျာရေးလို့
Facebook နံရံတွေမှာ ချိတ်ဆွဲဖူးပါတယ်…
ဘာပဲဖြစ်ဖြစ်ငါ့မှာလဲ
သူလိုငါလိုခံယူချက်တွေရှိတယ်
ငါတို့တွေ ကမ္ဘာမြေကြီးရဲ့
တစ်ဒေါင့်တနေရာမှာ ပြန်ဆုံကြမယ်
ကမ္ဘာကြီးဆိုတာဟာလဲ…
ငါ့တို့တွေဆုံဆည့်းဖို့
ဖြစ်တည်လားခြင်းပဲ မဟုတ်လား…
Comment #2
Miss so much
:'(
:'(
:'(
Comment #1
yes,,100% agree
😛