ပန်းတစ်ပွင့်ရဲ့ဒိုင်ယာရီ(သို့)ကြွေဇာတာ
ပင်ယံဖျားမှာနေရပေမယ့်
သဇင်လိုလဲ တော်မဝင်ခဲ့
ပိတောက်တွေလို တစ်နှစ်တစ်ခါ
ပွင့်စေနိုင်ဖို့မာန ငါ့မှာမရှိ
ဒါပေမယ့်လည်းကွယ်
ပန်သူမဲ့ဘဝရောက်မှာဆိုးလှတယ်
ဒီလိုစိတ်ကူး ကျေးဇူးမမျှော်ပဲ
မျက်နှာငယ်ငယ်နဲ့ငါ
စံပယ်တွေနှင်းဆီတွေကြား
ကြွေဆင်းပေးခဲ့တယ်
ဒီတော့မှ လူတကာဆိုတယ်
ခရေရယ် မင်းမွှေးလိုက်တာတဲ့
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
😛