1499
ရှေ့တလှမ်းတိုးဖို့ စဉ်းစားတိုင်း
နောက်ကို ဘယ်နှစ်လှမ်း ဆုတ်မိမှန်း မသိတော့ဘူး
ပြောမယ်ကြံတိုင်း နှုတ်ခမ်းကိုပဲ
စုတ်ပြတ်နေအောင်ဖိကိုက်
တိတ်ဆိတ်ကွဲကြေနေတဲ့ ခြေချသံက
မြောက်ဖက် မုတ်သုံလေကို နှိုးတယ်….။
ဟိုး စနေထောင့်က ညို့မှိုင်းနေတဲ့ တိမ်တို့ဟာ
နင့်မျက်ဝန်း ပက်ကြားအက်တာများ ဖြစ်နေမလား
အထိတ်အထိတ် အလန့်လန့်နဲ့ ငါ
စနေနေ့မှာမှ မိုးခိုမိတယ်…။
လက်သိပ်ထိုးထည့်လို့ရတဲ့
ဆူလွယ် နပ်လွယ် အိပ်မက်မဟုတ်တော့လည်း
ဒီသံစဉ်မမှန်တဲ့ သံယောဇဉ်ကြိုးတို့ကို
တီးခတ်ဖို့ လက်တစုံတော့ လောလောဆယ်လိုနေတယ်…။
Comment #3
နှစ်သက် မိပါသည်
By: အသဲကွဲ မိုး at Jun 14, 2013
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
😛
😛
😛
what’s the purpose & meaning of title?