အမှန်တရား
ဖြစ်ချင်တာထက် ဖြစ်သင့်တာတဲ့
အခုလောလောဆယ်
ဖြစ်သင့်တာကတစ်ခြား ဖြစ်နေတာကတစ်ခြား
လုပ်ချင်တာထက် လုပ်သင့်တာတဲ့
အခုလောလောဆယ်
လုပ်သင့်တာကတစ်ခြား လုပ်နေတာကတစ်ခြား
အနေအထိုင်မတတ်တဲ့ဦးစားပေးမှုတွေကြောင့်
ဘ၀မှာ မမျှော်လင့်တာတွေ် ဖြစ်လာလွန်းလို.
မျှော်လင့်တဲ့အတိုင်းဖြစ်လာရင်တောင် ..
ဘာမှမမျှော်ချင်တော့ဘူး …
ပြည်.စုံမှုတွေနဲ.ရှင်သန်နေတဲ့ ယုန်တစ်ကောင်ထက်
သင်းကွဲ ကျား တစ်ကောင် လိုရှင်သန်ချင် တယ် …
အနာဟောင်းက မကျက်သေး ဖူး
ဒဏ်ရာအသစ်တွေက ထပ်ရ
ရှုံးနိမ့်ခြင်းဆိုတာ ငယ်ပေါင်းကြီးဖော်မို.
နာကျင်ခြင်းက အရသာရှိရှိ ခါး …လာ …တယ်
မတည်မြဲတဲ့လောကကြီးမှာ
ဒုက္ခဆိုတာ ….. ငါ့ အင် အား …….။ ။
ရာဖြိုး
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service