နင်မရှိတဲ့ calender
နံရံပေါ်က ပြက္ခိန်တွေ
တစ်ရက်ပြီးတစ်ရက်
တစ်ရွက်ပြီးတစ်ရွက်
ခွာချလိုက်လို့ ကုန်သွားသော်လည်း
နင်ပြန်လာမဲ့ရက် ရောက်မလာသေးဘူး….
နင်ထွက်သွားတာ
၅ လပြည့်သော်လည်း
ငါဘယ်လိုမှ မေ့လို့မရသေးဘူးဟာ…
ငါဘယ်လောက်ပဲ ခံစားစား
နင်သိလာမယ်လို့
ငါမျှော်လင့်ရင်း
ကဗျာတွေ သီးချင်းတွေအထပ်ထပ်ရေး
ပြန်လာခဲ့မယ်လို့ ပြောခဲ့စကားသံကြားတိုင်း
နင်များ အိမ့်ရှေ့ရောက်လာပြီးလားလို့
ပြေးပြေးကြည့်ရတာအမောပါပဲ…
နွေဦးရောက်ရင်
နင်ပြန်လာမယ်ဆိုလို့
ရေအေးအေးလေး
ငါကိုယ်တိုင်ခပ်ပြီး
တိုက်မယ်လို့ စိတ်ကူးရင်ရင်း
နွေဦးတွေလည်းများခဲ့ပြီ…
နင်ပြန်လာခဲ့ပါလား
ငါမှာတော့ နင်ထွက်သွားတဲ့နေ့ကစပြီး
နင်ထွက်သွားတဲ့ နင့်ရဲ့ကျောပြင်းကို
ငေးကြည့်ရင်း မျက်ရည်ကျခဲ့ရတယ်..
အများပြောတဲ့ အလွမ်းဆိုတာတော့ ငါ့မှာမရှိဘူး
နင့်အကြောင်းတွေးတိုင်း
စိုးရိမ်စိတ်တွေ၊ စိတ်မချမှုတွေ
ငိုချင်စိတ်တွေကို ဖြစ်နေတာအမြဲ
အေးပေါ့လေ
နင်ကတော့ မြို့ကြီးမှာ
ပျော်နေမှာပေါ့ဟာ
နင်သတိရရင်
ရွာတစ်စုပ်က တောသူမ မိအေးဆိုတဲ့
မိန်းကလေးကိုတော့ တစ်ချက်လောက် သတိရပေးပါ..
အဝေးရောက်နေတဲ့ ကိုကိုရယ်…
ခေါင်းစဉ်ကို ကော်ပီကူးတာမဟုတ်ဘူးနော်… တောသူ မိန်းကလေးတစ်ယောက်ရဲ့ ခံစားချက်လို့ တောင်းဆိုသောကြောင့် ခေါင်းစဉ်ကူးလိုက်တာပါ… သူခံစားချက်ကို ခံစားတင်ပြရင်း..
စိုး…
Comment #2
ကျက်သီးတွေပါထသွားတယ်
Comment #3
🙂
🙂
🙂
Comment #4
like so much title
Comment #1
ဖတ်ရှူ့အားပေးသွားပါသည်