အဖြေမရှိ
ကို………..
အတွေးတွေက မဆန်သစ်တော့ပေမယ့်
လေးနက်မှုတော့ရှိနေပါသေးတယ်
ကို………..
မုန်းတယ်လို့ ခဏခဏ ပြောမိပေမယ့်
အသည်းနင့်အောင်ချစ်နေပါသေးတယ်
ကို……….
စိတ်ကုန်တယ် အော်နေပေမယ့်
လက်တွဲပြီး နေချင်သေးတယ်
ကို……….
ထားခဲ့ပါလို့ ပြောနေပေမယ့်
အနားနားမှာ နေချင်သေးတယ်
ကို……….
ပြတ်လိုက်ကြစို့လို့ ပြောခဲ့ပေမယ့်
ဘဝ တစ်ခု ထူထောင်မိချင်သေးတယ်
ကို!
မသိသလို သိသလို မနီးကပ်သလို နီးကပ်သလိုနဲ့
အချိန်တိုင်း စက္ကန့်တိုင်း “ကို” လို့ ခေါ်နေချင်မိတယ်
“ကို့ကို အရမ်းချစ်တယ်” လို့လည်း အော် အော် နေချင်မိတယ်။
နှင်းဆီနက် (3rd August 2012 -11:58PM)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
so touching
😛
super like