” C.O.C , ဖခင် “
” C.O.C , ဖခင် “
* ဒို့အင်္ဂလိတ်စာရဲ့ ဖခင်ဟာ
ဆရာကြီးဦးမြကြိုင်ပါ
* ဆရာဖြစ်အောင် ကျောင်းထောင်ထား
မဟုတ်ရပါဘူးဗျာ
* စာသင်ချင်လို့ ဆရာလုပ်တာ
ဒို့ရဲ့ဆရာကြီးပါ
* စသင်ခါက ကျောင်းသားများ
ထွက်ပြေးပါကောလား
* ဒါလေးများကွာ ဒို့ဆရာဟာ
အလျှော့မပေးပါ
* ဇွဲကိုတင်းကာ ထပ်ကြိုးစား
ပိုဆိုးပါလို့သွား
* ကိုယ့်ရှိတိုင်းလည်း ပေးမရတာ
ဆရာကြီး လက်ခံလာ
* ဒီနေရာမှာ တန့်မသွား
ဆရာကြီးရဲ့ စေတနာများ
* လမ်းဟောင်းများမှ သင်ခန်းစာ
ဆရာကြီးရယူကာ
* စာသင်တာ ခဏပိတ်ထား
ဆရာကြီး အတွေးတွေပွား
* နည်းလမ်းကောင်းများ ရဖို့ရာ
ဆရာကြီးမသက်သာ
* အမိမြေမှ သားကောင်းများ
ပေါ်ထွန်းလာဖို့ကား
* မအားနိုင်ပါ ဆရာ့ခမျာ
ဦးစားနေရတာ
* နေ့ရောညပါ ဆရာကြိုးစား
အန န္တဂိုဏ်းဝင်းသွား
* လနှစ်များစွာ နောက်ပိုင်းမှာ
တဲကျောင်းလေးနဲ့ ထပ်ပေါ်လာ
* ဒီတစ်ခါ ဘာကြောင့်များ
ကျောင်းတော်ကြီးကထွား
* ပြောပြမှာပေါ့ မိတ်ဆွေရာ
ငါတို့ဆရာကြီးမှာ
* ခေတ်နဲ့ညှိကာ တီထွင်ထား
C.O.C Method များ
* E – language ရဲ့ Challenge တွေ
ငါတို့မမှုပေ
* ခက်တာတွေ ရောက်ရှိသွား
ငါတို့ခြေဖ၀ါး
* ဒါကြောင့်လေလား ကျောင်းသားတွေ
နေရာကြပ်လို့နေ
* နေရာမရတဲ့ အသံများ
နေ့တိုင်းပါပဲလား
* ကျောင်းသားများတွက် ခုံမလောက်တာ
C.O.C ကြောင့်ပါ
* C.O.C ရဲ့ သတင်းများ
နိုင်ငံကျော်လို့သွား
* အစိုးရကျောင်းများ အထက်တန်းမှာ
C.O.C ပြန့်လို့လာ
* C.O.C ဟာ တကယ်ပါလား
လက်တွေ့အစွမ်းများ
* C.O.C ကျည်ရထားက မြန်လှတယ်
ခရီးရောက်လို့လွယ်
* ဒို့ပန်းတိုင်ဝယ် ဘယ်မှာဝေး
C.O.C နဲ့ သွားကြပါစို့လေး
ခွန်ကြယ်ဖြူ ( ဆီဆိုင် )
၁၃၇၀ ခုနှစ် သီတင်းကျွတ်လပြည့် (၁၅) ရက်၊ အဘိဓမ်မာနေ့တွင်ကျရောက်သော
အာစရိယပူဇော်ပွဲအတွက် ဆရာကြီးဦးမြကြိုင်အား ကျွန်တော်/မ တို့အားလုံးက
က်ျ C.O.C ဖခင်အမည်ရှိ အလင်္ကာစာတမ်းဖြင့် သံပြိုင် ရွတ်ဆိုရ်ျ
မှတ်တမ်းတင်ဂုဏ်ပြု ဦးခိုက်ပူဇော်ကန်တော့ပါ၏။
ဝမ်းမြောက်စွာဖြင့်
ကျောင်းသား/သူများ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ချုပ်တုန်းကတော့ ဦးထုတ်၊ ဖြစ်လာတော့ ရေစစ် ဆိုသလိုပါပဲ
ဒီအလင်္ကာစာတမ်းငယ်ကို ရေးဖွဲ့ခဲ့တုန်းက ကဗျာ ဆိုပြီး ရေးဖွဲ့တာပါ။
ဖြစ်လာတော့ ကဗျာမဟုတ်၊ သံချပ်မဟုတ်ပေမယ့်
ဆရာကြီးဦးမြကြိုင်ကိုကန်တော့တဲ့ပွဲမှာ အမှတ်တရဖြစ်ခဲ့ပါတယ်။ ဒါကြောင့်
ခွန်ကြယ်ဖြူရဲ့ ကဗျာမပီ၊ စာမမီတဲ့ အမှတ်တရလက်ရာနေ့စွဲ တစ်ခုအနေနဲ့ မှတ်တမ်းတင်ရပါတယ်။
Comment #1
ကဗျာလေးကို လေးစားစွာဖတ်သွားပါတယ်..
အမရာလည်း ဆရာ့ရဲ့တပည့်တယောက်ပါ..
အခုလို ဆရာ့အတွက်စပ်ဆိုထားတဲ့ကဗျာလေးကို
ဖတ်ရတာ..အရမ်းကိုကြည်နူးလေးစားမိပါတယ်..
ဆရာကျန်းမာပါစေကြောင်းဆုမွန်ကောင်းများစွာဖြင့်…
အမရာ