အမည်မဲ့ ၊ မင်းထက်ညိမ်း
`အမည်မဲ့´
မင်းထက်ညိမ်း
*စာအုပ်အပို မရှိဘူးလား
ဒီလိုဆို
ငါတို့ အဖို့ နေရာလွတ်တွေ ကုန်ပြီလား
အတိအကျ မသေချာတဲ့ စကားတစ်ခွန်းလား
ဒီလိုဆို
ယုံကြည်ဖို့ စိတ်ကူးထားပြီးသား
အစုလိုက် အပြုံလိုက်
စီးဆင်းနေတဲ့ လု့ဘဝ
ပေးဆပ်ပြီး ပြန်မရတဲ့
အဆုံးအရှုံးနဲ့ ရင်းနှီးလိုက်ရတဲ့ အောင်မြင်မှုလား
ဒီလိုဆို
ငါတို့ မျှော်လင့်ခွင့် အတွက် ပုံအောလိုက်ပြီးသား
ဘာတစ်ခုမျှ ပြန်မရတဲ့ ကစားပွဲများ
အဲဒီလို စိတ်လိုလက်ရ
အဲဒီလို လိုလိုချင်ချင်
အဲဒီလို ကြိုးဆွဲရာ ကခဲ့ကြ
ငါတို့ ဘဝ
ငါတို့ မနက်ဖြန်များပေါ့…………။ ။
မင်းထက်ညိမ်း
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service