မြေနုကျွန်း
အခု ငါ့ရင်ပြင်ကျယ်ထက်မှာ
ထွန်သွား တို့ ရောက်လာကြပေါ့
မင်းမေ့လျော့ထားရာ အရပ်မှာ
ငါသီးပွင့် နေရတာ ရင်နာစရာ
လှိုင်းတံပိုးတို့ ထကြွ
ငါတို့ရဲ့ ကမ်းပါးတစ်ခုလုံး ရေတွေလျံကျချိန်မှာပဲ
မင်း ငါ့ကို ထားသွားခဲ့တာ
အခုလို ဆောင်းရာသီ
မြူတွေဝေပြီး
အေးစက်စွာ စီးဆင်းနေရတဲ့ဘဝ
ငါလည်း သတိတရ ရှိမိခဲ့တာပေါ့
မြက်ပင် အရိုင်းများနဲ့ ကိုင်းထူထပ်ရာ
စိုရွှဲနှင်းများနဲ့ လူခြေတိတ်ရာ
ဂဏန်းယောင်ဆောင်နေသူများရဲ့ ခြေရာတွေထင်ကျန်ရာ
မြေနုကျွန်းလေးမှာ
တင်ကျန်နေခဲ့သမျှ နုန်းတွေကိုပဲ
ယူကျုံးမရ ပွေ့ ဖက်နေရတယ်။
Comment #2
အကို့ကို ကျွန်တော်က ကဗျာတွေ မရေးဖြစ်တော့ဘူးထင်တာဗျ
အခုလို အကို့ကဗျာတွေကို ပြန်တွေ့ရချိန်မှာ အကို့လက်က
လုံးဝမပျက်ဘူးဆိုတာ တွေ့ရတယ်
ဒါပေမယ့်. . . .တစ်ခုခုဆီ
ပြောင်းလဲဖို့တော့ စဉ်းစားပါလို့ အကြံပြုချင်တယ်
(မှတ်ချက်။ ။ဆဲချင်ရင် လူချင်းတွေ့မှ ဆဲရန်)
ချစ်ခင်လျှက် . . .
ကိုသျှား
Comment #1
မြက်ပင် အရိုင်းများနဲ့ ကိုင်းထူထပ်ရာ
စိုရွှဲနှင်းများနဲ့ လူခြေတိတ်ရာ
ဂဏန်းယောင်ဆောင်နေသူများရဲ့ ခြေရာတွေထင်ကျန်ရာ
မြေနုကျွန်းလေးမှာ
တင်ကျန်နေခဲ့သမျှ နုန်းတွေကိုပဲ
ယူကျုံးမရ ပွေ့ ဖက်နေရတယ်။