တောင်းဆိုမှု
မိုးဖွဲဖွဲလေးရွာဖို့
တိမ်ညိုတွေနဲ့အတူ
ငါငိုလိုက်ချင်သေးတာ
မျက်ဝန်းတွေရီဖို့
နေ့ထက်ဝက်စာ
ငါမျှော်လင့်ခဲ့ရ
နင်မပြုံးပြခဲ့တဲ့
မနက်ခင်းတခုမှာ
သေဆုံးသူငါဖြစ်ခဲ့
လောင်ကျွမ်းသွားတဲ့
အိမ်မက်ပြာတွေ
ငါလိုက်ကောက်နေတုန်း
ဝေး….သွား…..ခဲ့…….
မနေ့ကလိုပဲ…..
အပြုံးတချို့ပေးပါ။
အမရာ
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service