သူငယ်ချင်း
ငါ့ဟာ နင်နဲ့ ပတ်သက်ရင်
ဘယ်အချိန်ဖြစ်ဖြစ် ဦးစားပေးနေမယ်
အချစ်လား ဆိုတော့လည်း ငါသေချာကိုမသိဘူး
ငါချစ်တယ်ထင်တဲ့လူထက်ပိုပြီးတော့ကို ဦးစားပေးခဲ့တယ်
အချိန်တွေဘယ်လောက်ပဲကြာကြာ ငါ့အတွက်နင်ဟာ အမြဲတမ်း ပထမဦးစားပေးဖြစ်နေမှာပဲ
ငါ့ရင်ထဲမှာ နင်နဲ့ ပတ်သက်လို့ အမြဲတမ်းနေရာတစ်ခုရှိနေတယ်
အချိန်တွေဒီလောက်ကြာခဲ့တာတောင် ငါ့အတွက်နင်က အမြဲတမ်းအရေးပါတဲ့လူတစ်ယောက်
ဖြစ်ခဲ့တာကို ငါဘယ်လိုမှ မငြင်းနိုင်တာကိုတော့ ၀န်ခံပါရစေ သူငယ်ချင်း
Comment #2
that is right….
By: cynthia at Apr 25, 2013
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
100% agree.
Super like