တတိယလူ
အဆိုးဆုံးခံစားချက်အသစ် ခံစားရင်းနဲ့
ကျန်ရစ်သမားတစ်ယောက်
ခွေးတစ်ကောင်လို အမြီးတနန့်နန့်
အစွမ်းကုန်ဖျော်ဖြေပြီး
မျှော်နေခဲ့တယ် ဂရုစိုက်မှုလေးတွေ
ညုတုတုစကားတွေ မတတ်တဲ့ငါ
အရှက်မဲ့စွာ တစ်ခုပြီးတစ်ခုပေးဆပ်ပြီး
အဝေးတစ်နေရာကပဲ တိတ်ဆိတ်စွာ…..
နင့်ဘေးကလူတစ်ယောက်အတွက်
အပြုံးတွေထဲကလွင့်ထွက်လာတဲ့ အစအနလေးတွေကိုပဲ
ကြည်နူးရင်နင့်စွာနဲ့ အောင့်သက်သက်
ခံစားရခက်လည်း နင်နဲ့တွေ့ဖို့က တားမရတော့
အဓိကမကျတဲ့ တတိယလူဘ၀အဖြစ်နဲ့လဲ
ကြိတ်ကျေနပ်ရမှာပဲ
ည..ည များမှာတော့ အိပ်မက်မက်တယ်
နင်နဲ့ငါ နှစ်ယောက်ထဲရယ်
တစ်နေ့နေ့တော့စဉ်းစားထားတယ်
ဒီအိပ်မက်က ဘယ်တော့မှ နိုးမထတော့ဘူးလို့
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service