Professional Authors

ပျော်ရွှင်ဖွယ်အတိ ပြီး

ငါ့ခေါင်းကို ပုဆိန်နဲ့ ခုတ်ပေးစမ်းပါသူငယ်ချင်း။
ငါ့ကို အရှင်လတ်လတ် တံကျင်လျှိုပြီး မီးကင်ပေးစမ်းပါသူငယ်ချင်းရာ။
ငါ နာကျင်ခံစားတတ်သေးရဲ့လားဆိုတာ သိချင်တယ်။
အမေပေးတဲ့အသက်က ငွေ့ငွေ့လေး ကျန်နေသေးတော့
ဘယ်သူမှ လာမကယ်နိုင်ဘူး။
လူ့အဖြစ်မှာ အမောတကော ခြေကုန်လက်ပန်းကျတယ်။

သွေးဆာတယ်။
လူစစ်စစ်ရဲ့သွေးကို သောက်ချင်တယ်။
ဘယ်သူရဲ့သွေးကိုမဆို သောက်ချင်တယ်။
ဘာမှမရနိုင်ရင် ကိုယ့်လက်မောင်းသွေးကိုယ် ဖောက်သောက်မိတော့မယ်။

အရင်ဆုံး အရေခွံကို ဖျင်ချ
အဆီကို ညှော်နံ့ထွက်အောင် ကင်
အသားတွေကို တစ်စစီ ခုတ်ထစ်
အရိုးတွေကို တစ်ဆစ်ချင်း ချိုးပြီး နုပ်နုပ်စင်း
နွားရဲ့လည်ချောင်းကို သံချွန်နဲ့ထိုးသလို ပန်းထွက်လာမယ့်ငါ့သွေးတွေကို
ပွက်ပွက်ဆူအောင် ကျို
အားလုံးစုပုံပြီး ငါကိုယ်တိုင် အားရပါးရ ထိုင်စားသောက်တော့မယ်။

ငါ့အသည်းနှလုံးကို ခွေးကိုက်တာ မခံနိုင်ဘူး။
ငါ့ကလီစာတွေကို ဠင်းတဆိတ်တာ မခံနိုင်ဘူး။
ငါ့ဦးနှောက်ကို ကျီးထိုးတာ မခံနိုင်ဘူး။

ငါ ပြန်မယ်။               ။

                                                                           ကိုသျှား

In: ကဗျာ Posted By: Date: Oct 16, 2012
Comment #1

ကြိုက်စ်

commentinfo By: အသဲကွဲမိုး at Oct 16, 2012
Comment #2

ဘယ်သူငယ်ချင်းကိုပြောတာလဲ

commentinfo By: SoFarAwayFromU at Oct 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment