ဝိပါတ်
ငါပိုင်ဆိုင်တဲ့
အရာတိုင်းကို
ငါ မမက်မောပါဘူး
ဒါပေမဲ့
ငါမက်မောလိုက်ရင်လေ
အရာအားလုံးက
သူများအတွက် ဖြစ်သွားတယ်
ကွယ်………..တစ်ကြိမ်ထဲလည်းမဟုတ်တော့ပါဘူး
ငါအရူးတစ်ပိုင်းဖြစ်ရတာလေ
ဘယ်လိုဝိပါတ်တွေများပါလိမ့်
ဘုရားသခင်ကရော
ငါ့ဆီကို တမန်တော်မလွှတ်တော့ဘူးလား
ငါ့သွေးမျက်ရည်တွေ
သူ့ရဲ့ကောင်းကင်နိုင်ငံတိုင်
ရောက်တော့မယ်
Michael ကတော့
အမှန်တရား ၃ မျိုးကို ရှာတွေ့သွားပြီ
ငါကရော???????
ဘယ်အမှန်တရားတွေကို ရှာရမှာတဲ့လဲ
လူ့ဘောင်လောကကို ငြီးငွေ့အောင်လုပ်နေတာလား?
ငါ့အတွက် ဒါတွေဟာ တရားပြနေတာလား?
ဒါဆိုရင်တော့လေ………….
ငါ…. အရာအားလုံးကို လက်မြှောက်အရှုံးပေးမိလိမ့်မယ်
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service