မြစ်နဒီ (သက်ထွေး)
တစ်ခါတုန်းက
ကျွန်တော့်ဒဏ်ရာတစ်ရှဉ်းအတွက်
မြစ်တစ်စင်းရှိခဲ့ဖူးတယ်။
လက်ယက်လို့မခေါ်ပေမယ့်
ရောက်လာတတ်တဲ့
ဒဏ်ရာတွေနဲ့ ….
မနှင်ချပဲ
ဆင်းသွားတတ်ကြတဲ့
မျှော်လင့်ခြင်းတွေ
…………………..
…………………..
မိုးကောင်းရင်တော့
သောင်ဘယ်ထွန်းမလဲ ။
ပိုက်ဆံမပါရင်
ငါ့အိမ်ပေါ်မတက်ရဘူးတဲ့
ကမ္ဘာကြီးကစာကပ်လို့ထားတယ် ..
ပိုင်ဆိုင်တဲ့
မေတ္တာတို့သာထုခွဲရောင်းချခဲ့ပါရဲ့
မလိုအပ်ပဲ
ပြုံးတတ်တဲ့
မျက်နှာဖုံးတစ်ချပ်သာ
မင်းငါ့ကိုပြန်လို့ရောင်းချလှည့်ပါ။
မင်းအရိပ်ခိုတော့လဲ
မင်းစိတ်အလိုကျပေါ့
မြို့ပြတစ်ခုရဲ့ ပြယုဒ်ဆိုတာ
ဆေးစက်ထင်လို့တောင်မှ
ကြည့်မကောင်းခဲ့ဘူး ..
ငါနွားကတော့
မနက်စာ ..ပေါင်မုန့်နဲ့ကြက်ဥထက်
ရွာထိပ်က
မြက်နုတွေပဲ ..လွမ်းတယ်။
ငဲါရဲ့မြစ်နဒီကတော့
ကွေ့ကောက်ပေမယ့်
မာယာမပါတဲ့အကြောင်းကို
ငါ့ကို
နားချလို့သွားလေတော့တယ်။
သက်ထွေး
၂၈၊ဩဂုတ်၊ မနက် ၁၁း၅၇ ၂ဝဝ၇
Comment #4
ကိုသက်တွေးကဗျာတွေဖတ်ပြီးတိုင်း ရင်လေးလေးကြီးကျန်ရစ်တယ်
ကိုယ့်ကိုယ်ကို ဘာကိုမကျေနပ်လို့မကျေနပ်မှန်းလည်း မသိတော့ဘူး…
အဲလောက်စာရေးကောင်းတော့လည်း ခက်သားဗျ..
Comment #1
လက်ယက်လို့မခေါ်ပေမဲ့
ရောက်လာတတ်တဲ့
ဒဏ်ရာတွေနဲ့ ….
မနှင်ချပဲ
ဆင်းသွားတတ်ကြတဲ့
မျှော်လင့်ခြင်းတွေ
ပိုင်ဆိုင်တဲ့
မေတ္တာတို့သာထုခွဲရောင်းချခဲ့ပါရဲ့
မလိုအပ်ပဲ
ပြုံးတတ်တဲ့
မျက်နှာဖုံးတစ်ချပ်သာ
မင်းငါ့ကိုပြန်လို့ရောင်းချလှည့်ပါ။