Emergency .. (တစ်ဦးဆိုင်နာမ် အများဆိုင်နာမ် စိတ္တဇနာမ်…)
ရှင်က ရှင်ပြောလို့ရှင်ဆိုတာကျွန်မသိခဲ့ပြီ
ကျွန်မကရော ဘယ်သူလဲ
ကျွန်မက ဘာလဲ
ကျွန်မမှာ အရောင်တွေ အနံ့တွေရှိလား
ကျွန်မကို ကိုင်တွယ်ထိတွေ့လို့ရလား
ကျွန်မက အလင်းပြင်ကြီးလား
ကျွန်မက အမှောင်ထုကြီးလား
ကျွန်မက အသံလား\ အငွေ့အသက်လား
ကျွန်မရဲ့ ရှင်သန်မှုကဘာလဲ
ကျွန်မကသက်ရှိလား သက်မဲ့လား အရာဝတ္ထုလား
အစိုင်အခဲလား အရည်လား ပိုးမွှားလား တစ္ဆေလား သရဲလား
ကျွန်မ အသိတွေကရောဘယ်ကိုဦးတည်နေတာလဲ
ကျွန်မက ဘာနဲ့တည်ဆောက်ထားတာလဲ
သွေးနဲ့လား အသားနဲ့လား
သစ်နဲ့လား ရာဘာနဲ့လား ပလပ်စတစ်နဲ့လား သတ္တုနဲ့လား
ကျွန်မက ဘယ်တုန်းက စ ခဲ့တာလဲ
ကျွန်မက ဘယ်တော့အဆုံးသတ်မှာလဲ\ ဘယ်တော့ပြီးဆုံးမှာလဲ .
ကျွန်မရဲ့ တည်ရှိခြင်းကဘာလဲ
ကျွန်မက ပင်လယ်ပြင်ကြီးလား
ကျွန်မက သမုဒ္ဒရာကြီးလား
ကျွန်မက တိမ်စိုင်တိမ်သားတွေလား
ကျွန်မက ပြီးဆုံးခြင်းလား
ကျွန်မက ရှာဖွေခြင်းလား
ကျွန်မက သိရှိခြင်းလား
ကျွန်မက ကျွန်မဆိုတာကို ကျွန်မက ဘယ်လိုသိခဲ့တာလဲ
ကျွန်မက ကျွန်မကိုသိရှိခဲ့တာလား
ကျွန်မကို ကျွန်မကတွေ့ရှိခဲ့တာလား
ကျွန်မဆိုတာက ကျွန်မလား
ကျွန်မက ကျွန်မဆိုတာ သိစိတ်လား မသိစိတ်လား
ကျွန်မဆိုတာ ……
ကျွန်မဆိုတာ ……..လက်ယပ်ခေါ်နေတဲ့ alcohol ရဲ့အသားစတွေ
ဒါဆိုကျွန်မဆိုတာ အရွေ့  တစ်ခုသာသာပေါ့..
ဟင်အင်း …မဟုတ်သေးဘူး
ကျွန်မတွေ့လိုက်ပြီ..
ကျွန်မဆိုတာ ကျွန်မမဟုတ်သလို အရွေ့ တစ်ခုလည်းမဟုတ်ဘူး
………….
ကျွန်မဆိုတာ အ၀ါရောင်မျက်နှာကျက်ကြီးပဲ
ကျွန်မဆိုတာ ပြန့်ကျဲနေတဲ့အ၀ါရောင်ဆေးလုံးတွေပဲ
ကျွန်မဆိုတာ တစ်စက်ခြင်းဖိတ်ကျလာတဲ့ Dripဘူးထဲကအ၀ါရောင်ဂလူးကိုစ့်တွေပဲ ..
ကျွန်မဆိုတာ …
ကျွန်
မ
ဆို
တာ …..
By; ချီရွန်