နှစ်ကိုယ့်တစ်စိတ်ဒုက္ခဟုတ်/မဟုတ် တစ်ယောက်တစ်ဝက် တီးခတ်ကြည့်တဲ့ကမ္ဘာ(အဆင်ပြေရင် ခေါင်းစဉ် ပြင်ရန်)
၁းက 09:59:16 pm (Wed) 12th Sep, 2012 [AD]
ဗုဒ္ဓဟူးနေ့မွေးသူတွေအတွက် စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်မယ်၊
ရန်များမယ်၊ အတိုက်အခံများမယ်။
ပြောလက်စနဲ့ ဘာမှထွေထွေထူးထူးမဟုတ်တဲ့အကြောင်း ထူးထူးထွေထွေ
စကား / စာမျက်နှာ / လူကြုံပါးလိုက်ချင်တယ် ။ အနုပညာလို့ခေါင်းစဉ်တပ်ပြီး
ကိုယ့်အကြောင်းကိုယ် ရိုးမြေကျလိုက်ရရင် ကောင်းမလား ? ? ?
အဆင်မပြေရတာလွယ်လွယ်လေး ၊ ဟန်မဆောင်ချင်တဲ့စိတ်
. . . . . . . . . . . . . . . . . . . . . . ခက်တယ် ။
၁းခ ခက်ခက်ခဲခဲစိတ်ဆိုတာ လွယ်လွယ်ကူကူမွေးမြူလို့ရတဲ့ အနုပညာမြောက်
ဖန်တီးမှု / မွေးဖွားမှု / ဖော်ထုတ်မှု ဖြစ်စဉ်လို့ ခေါင်းစဉ်မတပ်ရင်ရော ရမလား ? ?
အစ်မရယ် ပြည်သူပိုင်လမ်းပေါ်မှာ ကိုယ့်စိတ်ထင်တိုင်းကြဲပြီး
ဒေါက်ထောက်ရပ်နေတာကရော ကောင်း သ လား ? ? ?
ဗုဒ္ဓဟူးနေ့ ကိုယ်တို့ဘုရားသွားပြီး ယတြာချေမယ် ။
၂းက သြော် . . . . . . . . . . . . မေ့လို့
ဟိုနေ့က ကိုယ့်သတိကိုယ် ကောက်တပ်ဖို့ မေ့လျော့ခဲ့တယ်
“မေ့လျော့နေမှ ကမ္ဘာကြီးဆိုတာ ပျော်စရာကောင်းတာပါ”
(မေ့လျော့တက်သူတစ်ယောက်ရဲ့ ပြောစကားမှ)
သူ စကားလုံးတွေနဲ့ကိုယ့်ကိုပစ်ပေါက် အနုပညာလို့ ခေါင်းစဉ်တပ်ပေးခဲ့တယ်
နာဖျားခြင်းဆိုတာ အလွယ်တကူရှင်သန်တက်တဲ့ နွယ်ပင်တစ်မျိုးပဲ ။
၂းခ (a) နှစ်ကိုယ့်တစ်စိတ်ကို တစ်ခြမ်းစီ တစ်ယောက်တစ်ဝက် ၊ ခုတ်ထစ် ၊
ပဲ့ကျပစ်လိုက်ဖို့ ၊ အရမ်းပျင်းစရာကောင်းနေရှာ ။
(b) ( i ) ချစ်သူဘဝဆိုတာ နာဖျားတဲ့အခါ ဝင်နားတဲ့အပျော်ကြံ / အကြံပျော်ခြင်းတစ်မျိုး
( ii ) အိမ်ထောင်ပြုတယ်ဆိုတာ . . . . . . (နောက်မှ ပြောလို့ရမယ်) ။
၃းက ကိုယ်ကမင်းရဲ့ပရိတ်သတ်တစ်ယောက် ၊ မင်းမျက်ဝန်း ၊ မင်းစကား ၊ မင်းနှုတ်ခမ်း ၊
မင်းအပြုံး ၊ မင်းခြေ ၊ မင်းလက် ၊ ကိုယ် လက်ခုပ်တီးနေ ။ ဒီအတိုင်းပဲ လက်ပိုက်ကြည့်
နေမလား ။ စီးကရက်တစ်လိပ်ကို မီးညှိပြီး တစိမ့်စိမ့် အရသာခံကြည့်ခဲ့ဖူးလား ။
ငါတို့ဘဝတွေက အဲဒီလောင်မြိုက်မှုမျိုးလောက် မညင်သာဘူး ။ သူ့ မျက်မှန်က ကျွန်တော့်
အသိဥာဏ်ကိုတက်နင်းထားတယ် ။
၃းခ အဆုံးအစမရှိ လောင်မြိုက်နေတဲ့ ချစ်ခြင်းမေတ္တာဆိုတာ စမှတ်ရဲ့ အရွေ့မှာ အဆုံးသတ်တယ် ။
ဟန်တစ်လုံးပန်တစ်လုံး အိနြေ္ဒကြီးတစ်ခွဲသားနဲ့ ဟန်ဟန်ပန်ပန် လူဖြစ်ဖို့ လေ့ကျင့်ရဦးမယ် ။
ဒီအချိန်ကစ ငိုအားထက် ရယ်အားသန်သန် ဘဝကိုစကြည့်မယ် ။
ငိုခြင်း ၊ ရယ်ခြင်း သဘောတရားကို သက်ဝင်ခံစားကြည့်တာပေါ့ ။
၎းက ပူပင်သောကဆိုတာ စိတ်ကိုလောင်မြိုက်တဲ့အခါ အသိဥာဏ်ပါ အတုံးလိုက် အတစ်လိုက်
ပဲ့ကြွေကျတယ် ။ အချစ်ဆိုတာ အသိဥာဏ်ကို တတိတိကိုက်ဖြတ်တက်တဲ့ ခြ တစ်မျိုးပဲ
နှစ်သန်းပေါင်းများစွာ အဖြူရောင်စွပ်ကြောင်းလေးထဲ ဖူးပွင့် / ကြွေကျခဲ့ရ
ဘဝကထင်သလောက်မလွယ်ဘူးဆိုတာ နှစ်ဆယ့်သုံးနှစ်ပြည့်ပြီးမှ သိခွင့်ရခဲ့တယ်
သူ့မျက်နှာကို မြင်ခွင့်ရတာဟာ မိုးသည်းလေသည်းထဲ နေသာနေသလိုပါပဲ
(စိတ်ကူးထဲလက်နှိုက်ပြီး ကိုယ်လမ်းလျှောက်ထွက်ခဲ့တယ်)
၎းခ အခု ဘယ်လိုလဲ ။ လရောင်နဲ့ခပ်ဆင်ဆင်စိတ်ကူးတွေ ကမ်းကပ်ချိန် ?
ခန္ဓာကိုယ်တစ်ခုစာ ရှင်သန်မှုက ကဗျာဆရာတစ်ယောက်စာနေမှုထိုင်မှုကို
တွန်းကန် ။ ငြင်းပယ် ။ ကဗျာဖြစ်နေခြင်းကို ဖိန့်ဖိန့်တုန်နေ ။ ကဗျာဆရာကိုငြင်းပယ်တယ် ။
လူ့အဖြစ်ကို ငြင်းပယ်တယ် ။ အချစ်ဦးလေးက မင်းကို မဖတ်တက်ဘူး ။
မြန်မာနိုင်ငံမှာ အရာရာ ဝဋ်ကြွေးချည်းပဲ ။ အနေအထိုင်မတက်ဘဲ ရုပ်ပျက်ဆင်းပျက် ၊
သမ္မတတောင် စပယ်ယာ ငေါက်တာခံရမယ် ။ မုသာဝါဒတွေ လူလည်ခေါင်
နှုတ်ခမ်းချင်းတေ့နေပုံ ၊ ကျွန်တော့်မှာ တရားနဲ့သံဝေဂ ။ မီးမဖွားနိုင်တဲ့ ကိုယ်ဝန်ဆောင်
တစ်ယောက်ကို ကိုယ်ဝန်ဆောင်ထားရသလို . . . ။
၅းက ကမ္ဘာကြီးက ငါတို့နဲ့မတော် ။ ငွေက ဘာသာစကားပေါင်းစုံ အာဂုံဆောင်ထား ။
မင်းတို့တွေ အော်ရလွန်းလို့ ရင်ဘတ်မှာ အက်ကြောင်းရာထလာပြီ ။ ဒါက ဒီလိုရှိပါတယ် ။
ဟုတ်ကဲ့ . . . ကျွန်တော်တို့လည်း တက်နိုင်သလောာာာာ ဂာ ဂာ က က် ၊ တောက် !!!
ဘယ်တွင်းထဲ အောင်းကြမလဲ ။ အဲ . . . ခင်ဗျားတို့တောင် ကိုလိုနီလိုလို ဘာလိုလို
စွပ်စွဲခံရတော့ အင်အားက မတွေးရဲစရာ ။ ဖိုက် ၊ ဖိုး ၊ သရီး ၊ တူး ၊ ဝမ်း ၊
အက်ရှင် . . . ဝါး ဟား ဟား ဟား ဟား ဟား ဟား ဟားးးးးးးး
၅းခ စကားလုံးတိုက်စစ်ဆင်ကစားနည်းမှာ ကျွံကျသွားမယ့်အရာက စကားလုံးတစ်လုံးထက်
နှလုံးသားတစ်ခုဆိုရင်ရော . . . ? ? သတ်ကွင်းတစ်ခုနဲ့တူတဲ့ ကံကြမ္မာကစားကွင်းမှာ
ဘာမဆိုကိုယ့်စိတ်တိုင်းကျဖြစ်နိုင်ဖို့ အနီးကချစ်သူကိုလွမ်းမိ ။ စကားမစပ် . . ရောင်းတန်းဝင်
အပြုံးတွေ ကာလာစုံရပြီ ။ ရုပ်ပျက်ဆင်းပျက် အနေအထိုင်မတက်မှုတွေထဲ ခေါင်းဝင်ကိုယ်ဆန့်
ကိုယ့်အဖြစ်ကိုယ် ငြင်းပယ်ခဲ့တယ် ။ ည ရင့်ရင့်ရော်ရော်တွေကို တိတ်တဆိတ်သေဆုံးပါစေ ။
၆းက မပြုံးဘဲ ဝါးလုံးကွဲရယ်မိတော့မယ် ။ ဘာအဓိပ္ပာယ်ရှိသလဲ ။ ဘာ အ ဓိ ပ္ပာယ် ရှိ သလဲ ။
ဘာ အ ဓိ ပ္ပာယ် ရှိ သ လဲ ။ ငြိမ်းချမ်းရေးကြောင့် ဖြစ်တဲ့ စစ် ပွဲ လား ? ?
စစ်ပွဲကြောင့်ဖြစ်တဲ့ ငြိမ်း ချမ်း ရေး လား ? ? ဘာ မှ အ သုံး မ ဝင် တော့ ဘူး ။
သွေးရူးသွေးတန်း ကန့်ကွက်မိရဲ့ (မကြာခဏဆိုသလို) အသွေးအသားနဲ့ ဖွဲ့စည်းထားတဲ့
ပူလောင်မှုတွေထဲ ချောင်ထိုးထားတဲ့ ငြိမ်းချမ်းရေးကို သဲသဲမဲမဲ ရှာဖွေနေခဲ့ ။
(နောက်ဆုံး ငါဟာ လူမိုက် ဖြစ်ခဲ့ ရ)
၆းခ ကိုယ့်နာမည်ကိုယ်ရေးထိုးကြတယ် ။ ငါတို့စာပေ ။ အိပ်မက်လှိုင်း ။ ပိတောက်ပွင့်သစ် ။
ရင်ပွင့်လေသောအခါ ။ ကျွန်တော် ကိုယ်နဲ့မတော်တဲ့ဖိနပ်ကို စီးပြီး လမ်းအကြီးကြီးမှာ
လျှောက်မိချိန်ပေါ့ ။ မှော်ရုံတောမှာ မောလှပြီ ။ ကျွန်တော်တို့တွေ ငြိမ်းငြိမ်းချမ်းချမ်းနေချင်လို့
စစ်တိုက်နေကြတာပါ ။ လိပ်ပြာသန့်မှုနှုန်း ဗိုလ်ချုပ်အောင်ဆန်းနှင့် အိုင်ဒီယာစမ်းသပ်ချက် ။
စံပယ်တွေ တဝုန်းဝုန်းရွာကျခဲ့တာတောင် ငါဆိုတဲ့ကောင်က ရနံ့လေးတစ်စက်တစ်လေတောင်
စွတ်စိုခွင့်မရခဲ့ပါဘူး ။ မင်းဒိန်ခဲကို ငါနေရာရွှေ့ထားတာ ။ (ကိုယ်ပိုင်စာသားတစ်ကြောင်းမှ
မပါ ။ ။ ဝန်ခံချက်)
၇းက ရှင်သန်မှုး ၆၅ ၊ ရှင်သန်မှုး ၆၄ ၊ ရှင်သန်မှုး ၆၃ ၊ ရှင်သန်မှုး ၆၂ ၊ ရှင်သန်မှုး ၆၁ ၊
ရှင်သန်မှုး ၅၉ ၊ ရှင်သန်မှုး ၅၈ ၊ ရှင်သန်မှုး ၅၇ ၊ ရှင်သန်မှုး ၅၆ ၊ ရှင်သန်မှုး ၅၅ ၊
. . . ၊ . . . ၊ . . . ၊ . . . ၊ . . . ၊ . . . ၊ . . . ၊ . . . ၊
. . . ၊ . . . ၊ . . . ၊ . . . ၊ . . . ၊ . . . ၊ . . . ၊ ရှင်သန်မှုး ၄၀ ၊
ရှင်သန်မှုး ၃၉ ။ ။ ။ သံသရာခရီးသည် ။
၇းခ စတွေ့တာပဲ ၊ ဒီနေရာ ၊ ဒီလမ်းမထက်မှာ နဖူးနဲ့ဒူးတွေ့သလို ပုံပျက်ပန်းပျက် ။
ရှင်သန်ဖို့အတွက် တိုက်ပွဲဝင်ရင်း သေဆုံးသွားသော ဆန္ဒများ ၊ သူသေကိုယ်ရှင်
အလုအယက်ထကြွလာသော အတ္တများ ။ . . . . . ကဒ် . . . . . ။
သိပ်ကပ်လွန်းရင်လဲ . . . . ကမ်းမမြင် လမ်းမမြင် ။ ညီလေး ဖတ်စာအုပ်မှာ စံပယ်တွေ
ဝုန်းဒိုင်းကြဲနေတယ် ။ လွန်လေပြီးသော ပစ္စုပ္ပန်များအား အိပ်မက်လတ္တံ ။
၈းးးးးး အပြုံးအရောင်းအဝယ်လုပ်သည် မစားပါဘူး လက်ခံပါတယ် ပေါက်ကရမနက်ဖြန်များထဲ
လွင့်မျောနေတဲ့စိတ်ကူးထိန်းညှိစက် ဒီနေ့သီချင်းမဖွင့်ဘူး လောကဓံအကြောင်း စကားလုံးမရှိတဲ့
ကောင်းကင်ပေါ် ဇောက်ထိုးချိတ်ဆွဲ မနက်ဖြန်တွေဟာ လေဟာနယ်မှာတွဲလွဲခိုနေတဲ့အခါ
လုယက်ခန်းနဲ့ဇတ်နာတွေ ကန်းမယ့်ကိန်း လာမယ့်ဘေး ပြေးတွေ့ကြတာပေါ့
မှော်စကားလုံးနဲ့ပြုံးတက်တဲ့နှုတ်ခမ်းတွေ မဲ့ရွဲ့နေမှာတော့ (အသေအချာ) ရင်ချင်းဆက်
ညီမလေးသို့ . . . . ကျန်းမာရေးအခြေအနေ သာယာသောနေ့တွေဟာ အသေအချာ
ခုတ်မောင်းဆဲပါ ကမ်းကပ်ခွင့်မသာတဲ့လှေငယ်ပျက် / မျော . . . နေ့တွေ ၊ နေ့တွေ
တစ်ရက်ပြီးတစ်ရက်ပျက်ကွက် . . . ကတိတွေ တစ်ခဏတာ တည်မြဲခြင်းများ
လှပပါစေ ။
ကိုသျှား
မိငြိဏ်းခက်
၁းက၊၂းခ၊၃းက၊၄းခ၊၅းက၊၆းခ၊၇းက = ကိုသျှား
၁းခ၊၂းက၊၃းခ၊၄းက၊၅းခ၊၆းက၊၇းခ = မိငြိဏ်းခက်
၈းးးးးးးးးးးးးးးးးးးးးးး = ကိုသျှား မိငြိဏ်းခက်
Comment #3
တနင်္ဂနွေနေ့ ၂နာရီမှာ ကမ္ဘာအေးဘုရားကို လာခဲ့မယ်ညီလေး
လာလို့ဖြစ်မယ်တော့ ထင်တာပါပဲ
ဘယ်နေရာဘယ်ထောင့်မှာ ချိန်းမှာလဲ
ဘယ်လက်ဘက်ရည်ဆိုင်မှာ ချိန်းမှာလဲ
ရောက်တာနဲ့ ဘုရားမှာ ပတ်ရှာရမှာလား
အဆင်ပြေသလို လာခဲ့ပါ။
အကိုလည်း အဆင်ပြေသလို လာခဲ့မယ်။
အိုခေနော်…မတွေ့ရတာ ကြာတော့ မသေချင် တွေ့ကြတာပေါ့ကွာ။
ပျော်ပါစေ
ချစ်ခင်လျှက် . . .
ကိုသျှား
Comment #5
အားပေးသွားတယ်နော်
Comment #6
ပြန်လည်ခံစားကြည့်တယ် 😀
တကယ်ကိုအဲဒီတုန်းကလိုမျိုး ( ..×…×…= ….!)
ဟီးးးး 😛
Comment #1
ta lae ta sarr arr pay phat shu twar par de,