ခတ္တာဖြူ – ဒီရေလှိုင်း
သိဟ်ရာသီဝါခေါင်ဦးမှာလ
စွင့်မြူးလို့
သင်းကြူကြူ
ပွင့်ဖူးတဲ့ ဆင်းဖြူဖြူရယ်
လှပုံမှာ အလွန်ထူး —–
မိုးစက်တို့ဖျန်းပက်
လှမ်းတက်လို့ ကမ္ဘာတွင်ခွင်
ယဉ်နိုင်အောင်အလှဆင်
မြင်သူတို့ စိတ်ကြည်နူး —
ခတ္တာဖြူတစ်ပွင့်ပန်းဟာ
ပင်ထက်မှာ တင့်လန်းစွာ
လှလွန်းပါလေတော့
မြေကမ္ဘာမှာ ကြွေရှာတဲ့
ရွက်ဝါငယ်မှာ တော်ရာကနေ မမျှော်သာ
မပျော်ကာ ဟိုးအဝေးမှာ ဆွေးဆွေးလေးနဲ့
ငေးငေးနေ ။
သူ့ရင်မှာလေ အတွင်းကြေ ——
သူဝတ်လွှာ ဖြူစင်စင်မှာ
ပူပင်မှာစိုး
ယူငင်ကာ တိုးတဲ့
သည်ကြိုးတမျှင်စကို
ဒါဏ်ရာတွေအမှန်ရလို့
ကိုယ်သာခံရစေ
ချစ်ခြင်းအသင်္ချေ
မလစ်ဟင်းနေ နှလုံးသားက
အပြုံးများလှလို့
အရှုံးသမားဘ၀နဲ့
ဝေးဝေးကနေ ကိုယ်လွမ်းမပြေ ။ ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကဗျာလောက ကို နောက်ပြန်မဆွဲကြပါနဲ့ လားဗျာ
ကျောင်းသားတွေရဲ့ သွေးမြေကျမှုတွေထဲကနေ ပေါ်ထွက်လာတဲ့
ခေတ်ပေါ်ကဗျာကို ပွဲထုတ်စို့လားဗျာ
shwekyalmoe@ gmail.com
shwekyalmoe.blogspot.com
ရွှေကြယ်မိုး