ပြီးဆုံးခြင်း
မိုးရဲ့ ဖျော်ဖြေပွဲမှာ
ဆောင်းနေရာမရခဲ့သလိုမျိုး
ကဗျာတွေချိုးနေရင်း
အဲဒီမျက်စောင်းအစင်းစင်းမှာ
ဒဏ်ရာအကြီးအကျယ် ရခဲ့ဖူးတယ်…
တလွင်လွင်တသိမ့်သိမ့်နဲ့
အသံချိုချိုတွေအဆုံးမှာ
ပြောမပြနိုင်စရာအသင်္ချေရှိရဲ့
ငါသိခဲ့ပေမယ့်
စက်တိုင်ပေါ်တက်ခဲ့တယ်…
လေပြည်နဲ့တီးခတ်တဲ့
အဲဒီဂီတသံတွေကြား
ဘယ်လိုသူရဲကောင်းတွေများ
ခေတ်အဆက်ဆက်
ပက်သက်ခဲ့ကြဘူးသလဲ…
ကိုယ့်လမ်းကိုပြန်ရှာရင်း
ဆူးတွေလဲနင်းမိပါရဲ့
တစ်လုံးတည်းသီးခဲ့တဲ့အပင်မှာ
မျက်နှာမလိုချင်ပါဘူးကွယ်
ငါ့ဟာငါ ပဲ ထောင့်မှန်ကျကျလမ်းခွဲခဲ့ပါတယ်…
ဆိုဆုံးမ မရမယ့်အတူတူ
အနာဂတ်ကိုမပူတော့ပါဘူး
ငါ့ညဦးတွေ စုတေခဲ့ကြပြီးပြီ
ကဗျာကိုက်သွားတဲ့ နာရီတွေမှာ
နာမည်တစ်ခုကို ဇွာရင်း
တရှိုက်မတ်မတ်ပေါ့လေ….
ရှိနေပါတယ်
ဇျက်ချင်လို့ ဇျက်မရတဲ့အတူ
ဆက်ပဲသိမ်းထားလိုက်ပါမယ်
ကြွယ်ဝတဲ့မျက်စောင်းများအကြောင်းစာအုပ်မှာ
သူမစာရင်းပါနေမှာပါ
အမှတ်တရများကတော့
ငါ့ကို လွတ်လပ်ခွင့်ပေးဖို့
နောက်ဆုံး အောက်ကျို့ခြင်းနဲ့ပဲ
အိပ်မက်နဲ့လဲလိုက်ပါရဲ့….
Comment #1
ကိုယ့်လမ်းကိုပြန်ရှာရင်း
ဆူးတွေလဲနင်းမိပါရဲ့
တစ်လုံးတည်းသီးခဲ့တဲ့အပင်မှာ
မျက်နှာမလိုချင်ပါဘူးကွယ်
ငါ့ဟာငါ ပဲ ထောင့်မှန်ကျကျလမ်းခွဲခဲ့ပါတယ်