ကမောက်ကမနဲ့ ရင်ကွဲကောင်
မိန်းမလှလေးရေ….
နွေအခါလေအလာမှာ
သစ်ပင်အိုက
သူ့ သစ်ရွက်တွေပျောက်တော့
စာသူငယ်ကပြောတယ်
“ငါ့အသိုက်ဘယ်မှာလဲ”တဲ့..။
ဆေးလိပ်တိုကိုက်ရင်း
မီးညှိရှိုက်ဖွာဖို့ 
ဖယောင်းတိုင်လဲတော့
ငါ့ကဗျာစာသားတွေပျောက်တယ်။
ငါ့ကာရန်တွေပျောက်တယ်။
မိန်းမလှလေးရဲ့မျက်ဝန်းက
မေတ္တာတရားတွေပျောက်တယ်။
လူတွေကမေးကြပါတယ်…
ဘယ်မှာလဲ…..ငါ…။
ခြေလှမ်းတွေပြန်ကောက်ဖို့ 
ပြန်ပြင်ဖို့  လမ်းတွေပျောက်တယ်…။
ဝင်သက်ထွက်သက်
စည်းချက်တွေပျောက်တယ်..။
ရေဆာလို့ မြစ်ကမ်းဘေးဆင်းတော့
နေလုံးကြီးပျောက်တယ်..။
ငါ့နောက်ကျောကငါ့အရိပ်
သူ့ နေရာပျောက်တယ်..။
ချွတ်ခြုံကျနေတဲ့ဘ၀မှာ
လမင်းနဲ့ ကြယ်ရောင်တွေပျောက်တယ်…။
အရှုံးတွေနဲ့ ပက်လက်လန်
ရင်ဘတ်ကိုဖိတော့
ငါ့နှလုံးသားပျောက်တယ်…။
အလုပ်ပါနဲ့ 
ငါ့ဘ၀ကိုအရင်အတိုင်း
ပြန်ပေးခဲ့ပါ….
မိန်းမလှလေးရေ…။
ငါ့ကဗျာစာသားတွေပျောက်တယ်။
ငါ့ကာရန်တွေပျောက်တယ်။
မိန်းမလှလေးရဲ့မျက်ဝန်းက
မေတ္တာတရားတွေပျောက်တယ်။
လူတွေကမေးကြပါတယ်…
ဘယ်မှာလဲ…..ငါ…။
ခြေလှမ်းတွေပြန်ကောက်ဖို့ 
ပြန်ပြင်ဖို့  လမ်းတွေပျောက်တယ်…။
ဝင်သက်ထွက်သက်
စည်းချက်တွေပျောက်တယ်..။
ရေဆာလို့ မြစ်ကမ်းဘေးဆင်းတော့
နေလုံးကြီးပျောက်တယ်..။
ငါ့နောက်ကျောကငါ့အရိပ်
သူ့ နေရာပျောက်တယ်..။
ချွတ်ခြုံကျနေတဲ့ဘ၀မှာ
လမင်းနဲ့ ကြယ်ရောင်တွေပျောက်တယ်…။
အရှုံးတွေနဲ့ ပက်လက်လန်
ရင်ဘတ်ကိုဖိတော့
ငါ့နှလုံးသားပျောက်တယ်…။
အလုပ်ပါနဲ့ 
ငါ့ဘ၀ကိုအရင်အတိုင်း
ပြန်ပေးခဲ့ပါ….
မိန်းမလှလေးရေ…။
Comment #2
ဝင်သက်ထွက်သက်
စည်းချက်တွေပျောက်တယ်..။
By: မေပျို at May 7, 2013
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
Good.