*ကျွန်တော့်ရဲ့ပျောက်ဆုံးနေသောအမှန်တရားများ*
အိုး…လူတွေကသိပ်ခက်တာကို
သူတို့နဲ့ဖက်ပြိုင် ငြင်းခုန်ရတဲ့အခါ ဒင်္ဂါးပြားလေကို
ဆန်ကျင်ဘက်အရပ်က ကြည့်ကြသလိုပ
သူတို့ဘက်မှာ ပန်းရှိတယ်ဆိုတာပဲအော်နေလေတော့
ငါ့ဘက်မှာ ခေါင်းရှိတယ်ဆိုတာ ပြောခွင့်မရတဲ့အမှန်တရားတစ်ခုပေါ့…
ငါ့ဘ၀ကိုများ ကြယ်ကြွေတစ်လုံးလို သဘောထားသေးရဲ့
ငါ့ရဲ့မျှော်လင့်ချက်ရောင်ခြည်တွေ နောက်ဆုံးလင်းလက်ရတာကို
သူတို့အတွက်ဆုတောင်းပြည့်ဆိုပဲ…
အင်း…လိုရာဆုတောင်းလိုက်ပေါ့
တကယ်တော့ ဥက္ကာခဲလိုငါ့ဘ၀ ပျက်သုန်းရပြီဆိုတာ
ဘယ်သူမှထည့်မတွက်တဲ့ အမှန်တရားတခုပေါ့…
ငါ့ဘ၀ကို သူတို့အမှန်တရားတွေနဲ့အလှဆင်လွန်းတော့
ငါ့ခံစားချက် ၊ ငါ့အတ္တဆိုသဟာ
“ရည်းစားဟောင်းအကြောင်းရေးတာတဲ့ ဒိုင်ယာရီတစ်အုပ်လို
လွှင့်လည်းမပစ်ရက် ၊ ထုတ်လည်းမဖတ်ရဲ”
အော်…တယ်ခက်တဲ့ဝေဒနာကိုး
ဒါဟာ ချောင်(ဂျောင်)ထိုးလိုက်ရတဲ့ ငါ့အတ္တအမှန်တရားတစ်ခုပေါ့…
အခွင့်အရေးဆိုတာ နောက်တစ်ကြိမ်ရခဲ့ရင်
ဘ၀တစ်ခုပျက်သုန်းခြင်းအပေါ်မှာ
ဆုတောင်းခံရတဲ့ ကြယ်ကြွေတစ်လုံးဖြစ်ရမဲ့အစား
ပေါ်ချင်တဲ့အချိန်ပေါ် ပျောက်ချင်တဲ့အချိန်ပျောက်
လူတွေရဲ့ကံကြမ္မာကိုတောင် နိမိတ်ဖတ်ပေးသေးတဲ့
ကြယ်တံခွန်တစ်ခု ဖြစ်ရပါစေ့ ဆိုသည်မှာ
ဒီနေ့ထိဆုတောင်းခွင့်မရတဲ့ အမှန်တရားတစ်ခုပေါ့…
မနေ့ညကအိပ်မက်ထဲမှာ အနန္တသူရိယအမတ်ကြီးနဲ့တွေလေတော့
“လူကလေးရဲ့ မင်းရဲ့မေးရိုးတွေပြန့်ကားနေပုံများ
ယောက်ျားပီသလှချည်ရဲ့”တဲ့
“အို…ဘဘရယ် ယောက်ျားပီသတယ်မထင်ပါနဲ့
ငိုမိမှာစိုးလို့ အံကြိတ်ထားတာပါ”လို့ပြန်ပြောမိတဲ့အခါ
အမတ်ကြီးက လက်နှစ်ဖက်ကိုနောက်ပစ်
မိုးကုတ်စက်ဝိုင်းခပ်ဝေးဝေးကို ငေကြည့်လေဟန်နဲ့
လောကကြီးကို နာကျည်းသလိုလို ၊ သရောသလိုလိုလေးပြုံးပြီး
“အော်…လူကလေးရယ် မငိုလိုက်ပါနဲ့ ၊ သူသတ်ကုန်းမှာ နေကွယ်သွားတဲ့အခါ
လူတွေအားလုံး မင်းကိုနားလည်ခွင့်လွှတ်ကြလိမ်မကွဲ့”လို့မှာခဲ့တယ်
အဲဒီအခြေအနေဟာလည်း
ငါဘယ်တော့မှမမျှော်လင့်တော့တဲ့ အမှန်တရားတစ်ခုပေါ့…။
သလင်း(၁.၁၁.၂၀၁၂)ကြာသပတေးနေ့
Comment #1
🙂
nice thoughts