မရေရာတဲ့လောကကြီးထဲ
အချစ်ဆိုတာကိုဖွေရှာမိတော့
မသေချာမှုတွေရဲ့ကြား ရင်မောနေရသူကငါပါ..
နင်ကတော့…….
အတိတ်ဟောင်းကရင်ခုန်သံတွေကို တမ်းတနေတုန်းပဲလား…….?
မြင်နိုင်မယ်ဆိုရင်….
ငါ့ရဲ့ရင်ထဲ ခဏလောက်ဝင်ကြည့်လှည့်ပါ။….။
ချစ်သူ(နင်)ပေးတဲ့ဒဏ်ရာဆိုတာ
နှလုံးသားရဲ့အတွင်းဆုံးအလွှာအထိ
အမြစ်တွယ်တတ်ပါသတဲ့.. …
နင်မသိခဲ့ပါဘူး
နင့်ကိုသတိရလို့မက်တဲ့အိပ်မက်
နိုးထချိန်အထိ မျက်ရည်စက်လက်နဲ့လေ….
မျှော်လင့်မိပါတယ်
နင့်ရဲ့အချစ်တွေ ငါ့အတွက်သီးသန့်ဖြစ်လာမယ့်တစ်နေ့နေ့ကိုပေါ့။…။
အဆုံးမဲ့တဲ့ငါ့အချစ်တွေက
ပေးဆပ်ခြင်းသက်သက်ဆိုလည်း
ဒဏ်ရာတွေကိုမမှုပါဘူး။..။
နင်ပျော်ဖို့အတွက်
ထာဝစဉ်ပေးဆပ်နေပါမယ်ချစ်သူရယ်…
မေတ္တာဆိုတာဘာမှန်းမသိခဲ့ပေမယ့်
ငတ်မွတ်နေခဲ့တယ်…
သစ္စာဆိုတာဘာမှန်းမသိခဲ့ပေမယ့်
သူ့အပေါ်ထားရှိခဲ့တယ်..
အချစ်ဆိုတာဘာမှန်းမသိခဲ့ပေမယ့်
သူ့ကိုချစ်နေခဲ့မိတယ်..
အလွမ်းဆိုတာဘာမှန်းမသိခဲ့ပေမယ့်
ငါမျက်ရည်ကျခဲ့တယ်….
In: ကဗျာ
Posted By: meso
Date: Nov 4, 2012
Comment #1
Hit to my heart directly.
:'(
:'(
:'(
Thz so much