ငတုံးကြီးကိုယ့်ကို…
အဖိုးတန်စိတ်ကူးတစ်ချို့
သားသားနားနားပဲ ထုပ်ပိုးထား
ပဲစားတိုင်း လေမလည်နိုင်တဲ့အဖြစ်
ဖင်ပြန်ခေါင်းပြန်ကြည့်လိုက်တော့
အရာမ၀င်ခဲ့တဲ့ကိုယ်ဟာ ငတုံးကြီး
ခပ်တည်တည် ရောကြိတ် ဖြီးဖိန့်
ပြဇတ်တစ်ပုဒ်ကို တစ်ယောက်တည်းကနေခဲ့သူ
ပျော်သလိုကမရတဲ့အဆုံး တော်သလို ကခဲ့ရသူ
ငတုံးကြီးကိုယ်ဟာ..
ကြိုးမိန့်ကျခံရတောင် ငိုကြွေးဖို့မျက်ရည်ရှာမရသူ
အခမ်းနားဆုံးဝမ်းနည်းကြေကွဲမှုတွေကို
ကိုယ်တတ်နိုင်တဲ့ နားလည်ခြင်းတွေနဲ့ပဲ ခြယ်မှုန်း
ရူးသလိုကြောင်သလိုပဲ ခပ်ပေါပေါနေပြရ
နှလုံးသားမရှိတော့တဲ့ ရင်ဘတ်ဟောင်းလောင်းကြီးနဲ့လူ
ကိုယ့်ကို ကြိုက်သလိုသာ စီရင်လိုက်ပါတော့ ။ ။
မိုးသစ် (ခ) မိုးလူ
Comment #2
Daw daw tin sarr tat tar pe.
A yann daw Dar be naw.
By: ei lay at Nov 14, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အခမ်းနားဆုံးဝမ်းနည်းကြေကွဲမှုတွေကို
ကိုယ်တတ်နိုင်တဲ့ နားလည်ခြင်းတွေနဲ့ပဲ ခြယ်မှုန်း
ရူးသလိုကြောင်သလိုပဲ ခပ်ပေါပေါနေပြရ
နှလုံးသားမရှိတော့တဲ့ ရင်ဘတ်ဟောင်းလောင်းကြီးနဲ့လူ
ကိုယ့်ကို ကြိုက်သလိုသာ စီရင်လိုက်ပါတော့ ။ ။